Dr Nikolle Tan, Eye Specialist Singapore - Corporate PhotoMBBS (S’pore), MMed (Ophthalmology)
MRCSEd, FRCSEd (Ophth),
FAMS (Ophthalmology)

 

Past Appointments

Head of Vitreo-Retina service, *NHGEI / TTSH
Head, Eye Diagnostic Services, *NHGEI / TTSH
Head, *NHGEI Fundus Image Reading Centre

Senior Consultant, *NHGEI / TTSH
Fellow, Royal Victorian Eye and Ear Hospital, Melbourne, Australia
Fellow, Harvard Medical School & Schepens Eye Research Institute, USA

* National Healthcare Group Eye Institute / Tan Tock Seng Hospital

 

Dr Nikolle Tan’s Current Appointments

Visiting Senior Consultant, *NHGEI / TTSH
Adjunct Assistant Professor, ^NUHS / YYLSM Department of Ophthalmology

^ National University Hospital, Yong Loo Lin School of Medicine

Dr Nikolle Tan သည် National University of Singapore မှ Bachelor of Medicine and Bachelor of Surgery ကို ၁၉၉၇ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ၂၀၀၂ တွင် မျက်စိဆေးပညာဘာသာရပ်ဖြင့် Master of Medicine (Ophthalmology ) ဘွဲ့ ကို National Univeristy of Singapore  မှ ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် Fellow of the Royal College of Surgeons of Edinburgh ဖြစ်ခဲ့ပါသည်။ တနှစ်တည်းတွင်ပင် သူမသည် Fellow of the Academy of Medicine of Singapore လည်း ဖြစ်ခဲ့ပါသည်။

သူမသည် National Healthcare Group Eye Institute / Tan Tock Seng Hospital ၏ အတိုင်ပင်ခံ မျက်စိအထူးကု ဆရာဝန်ကြီးဖြစ်ပြီး ၂၀၁၄ ခုနှစ်အထိ မျက်စိအနောက်ပိုင်း ကုသမှုပိုင်း ( Vitreo-Retinal Service ) နှင့် Eye Diagnostic Services တို့ ၏ ဋ္ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယခုတိုင်လည်း Tan Tock Seng ဆေးရုံတွင် Visiting Consultant အဖြစ် ရှိနေပြီး National University of Singapore Yong Loo Loin School of Medicine မျက်စိဋ္ဌာနတွင် Adjunct Assistant Professor ဖြစ်ပါသည်။

Dr Nikolle Tan  သည် မျက်စိအနောက်ခန်း ကုသမှု နှင့် ခွဲစိတ်မှုတို့ ကို အထူးလေ့လာထားပါသည်။ Singapore တွင် Residency Program ပြီးပြီးနောက် Australia , Melbourne ရှိ Royal Victorian Eye and Ear Infirmary တွင် ၄င်း အထူးပြုဘာသာရပ်ကို ဆက်လက်လေ့လာခဲ့ပါသည်။ ထို့ ပြင့် USA, Massachusetts ရှိ Harvard Medical School and Schepens Eye Research Institue တွင်လည်း  ၄င်း အထူးပြုဘာသာရပ်ကို ဆထက်တပိုးလေ့လာခဲ့ပါသည်။

သူမသည် Gold Medal and Book Prize in Ophthalmology နှင့် Singapore Ministry of Healthy မှ ပေးအပ်သော Health Manpower Development Program အထူးကု ပညာသင်ဆု အပါအ၀င်  ဆုပေါင်းများစွာကို ရရှိခဲ့ပါသည်။ ထို့ ပြင် မျက်စိပညာရပ်နှင့်ဆိုင်သော လေ့လာမှုဆု များကို နိင်ငံတကာနှင့် ပြည်တွင်း မှ ရရှိခဲ့ပြီး Associations for Research in Vision and Ophthalmology / Gesine Mohn Award (USA) နှင့် Annual Research Meeting in Ophthalomolgy and Visual Sciences Merit Award (Singapore) တို့ ပါလည်း ပါဝင်ပါသည်။

Dr Nikolle Tan သည် အတွင်းတိမ်ခွဲစိတ်မှုအမျိုးမျိုး ၊ ရေတိမ်၊ မျက်စိရောင်ရမ်းခြင်း ၊ ပိုးဝင်ခြင်း၊ ထိခိုက်မိခြင်း နှင့် အဝေးမှုန်နှင့် သက်ဆိုင်သော မျက်စိရောဂါများကို ကုသပေးနေပြီး ခက်ခဲသော အတွင်းတိမ် ခွဲစိတ်မှုများကို ခွဲစိတ်ရာတွင် အတွေ့ အကြုံများသူလည်း ဖြစ်သည်။

သူမအထူးစိတ်ဝင်စားသော ဘာသာရပ်မှာ မျက်စိအမြင်လွှာရောဂါများ ၊ ဆီးချိုကြောင့် ဖြစ်သော မျက်စိအမြင်လွှာရောဂါများ ၊ မျက်လုံးတွင်း သွေးထွက်ခြင်း နှင့် အခြား ရှုပ်ထွေးသော အမြင်လွှာရောဂါများကို  ခွဲစိတ်ကုသခြင်း ပင်ဖြစ်သည် ။  ထို့ ပြင် ၄င်းရောဂါများကို ချုပ်ရိုးမပါ ခွဲကြောင်းသေးဖြင့် ခွဲသော နည်းသစ်နှင့် အကျွမ်းဝင်သူဖြစ်သူပြီး ထိုနည်းကို ပထမဦးဆုံးအသုံးပြုသူများတွင် တစ်ဦးအပါအ၀င်ဖြစ်ပါသည်။

ထို့ ပြင့် မျက်စိကို လေဆာအမျိုးမျိုးဖြင့်ကုထုံးများ၊ မျက်စိအမြင်လွှာဆွေးခြင်း ၊ သွေးကြောပွားခြင်း ၊ ဆီးချိုကြောင့် အမြင်လွှာဖောခြင်း ၊ အဝေးမှုန်ပါဝါများခြင်းကြောင့် အမြင်လွှာအောက် သွေးကြောလျှောင်ခြင်း ၊ အမြင်လွှာရှိသွေးကြောများ ပိတ်ခြင်းကြောင့် အမြင်လွှာဖောခြင်း တို့ ကို  ဆေးအမျိုးမျိုးထိုး၍ ကုသခြင်းတို့ ကို လည်း ကျွမ်းကျင်ပါသည်။

သူမသည် မျက်စိအမြင်လွှာ ခွဲစိတ်မှုနှင့် ကုသမှုပိုင်းတွင် အဓိကကျသူဖြစ်ပြီး အကြံပေးဘုတ်အဖွဲ့ ဝင်အဖြစ် ကုသမှုနည်းလမ်းသစ်များ (Lucentis, Eylea, Phtodyanmic Therapy and Jetrea) ကုသထုံးများညွှန်းဆိုရာတွင် ပါဝင်ပါသည်။

သူမသည် မျက်စိအမြင်လွှာ ခွဲစိတ်မှုနှင့် ကုသမှုပိုင်းနှင့် သက်ဆိုင်သော လေ့လာစမ်းသပ်မှုများတွင် အဓိကလုပ်ဆောင်သူအဖြစ် ပါဝင်ပြီး ၂၀၁၃ ခုနှစ်အထိ ရှုပ်ထွေးသော မျက်စိအမြင်လွှာရောဂါနှင့်ဆိုင်သော ဓာတ်ပုံရိုက်စစ်ဆေးမှုများ နှင့် ၄င်းဓာတ်ပုံများကို မည်သို့  ဖတ်ရမည်ကို လေ့လာသော National Healthcare Group Eye Institue Fundus Image Reading Centre ၏ ဋ္ဌာနမှုးဖြစ်ပါသည်။

Dr Nikolle Tan သည် ပြည်တွင်းနှင့် နိုင်ငံတကာတွေ့ ဆုံဆွေးနွေးပွဲများတွင် ပုံမှန်သင်ကြားပြသပေးနေပြီး မျက်စိဆရာဝန်ငယ်များကို လည်း သင်ကြားလျက်ရှိပါသည်။

Open chat