အသက်အရွယ်ကြီးလာ၍ မျက်စိအတွင်းရှိ ဂျယ်လီရှုံချိန်၌ ဂျယ်လီရုန်းမှုကြောင့် အခန့်မသင့်ပါက အမြင်လွှာပြဲတတ်ပါသည်။ အချိန်မီမကုသပါက အမြင်လွှာကွာသည်အထိ ဖြစ်တတ်ပါသည်။
အသက်အရွယ်ကြီးလာ၍ မျက်စိအတွင်းရှိ ဂျယ်လီရှုံချိန်၌ ဂျယ်လီရုန်းမှုကြောင့် အခန့်မသင့်ပါက အမြင်လွှာပြဲတတ်ပါသည်။ အချိန်မီမကုသပါက အမြင်လွှာကွာသည်အထိ ဖြစ်တတ်ပါသည်။
သော်လည်းကောင်း ၊ အအေးဓာတ်ပေးကာ ခဲအောင်ပြုလုပ်၍ သော်လည်းကောင်း  ထိုအပြဲကို ပိတ်အောင်ပြုလုပ်၍ ရပါသည်။သို့ သော် အမြင်လွှာကွာသည့်အဆင့်တွင်မူ အမြင်အာရုံ မဆုံးရှုံးစေရန် ခွဲစိတ်ကုသရန်လိုအပ်ပါသည်။
အမြင်လွှာပြဲစုတ်ခြင်း
အမြင်လွှာပြဲစုတ်ခြင်း
အမြင်လွှာကွာချိန်၌ macula နေရာပါကွာသွားပါက အမြင်ကို ဆိုးရွားစွာ ထိခိုက်စေသည်။
အမြင်လွှာကွာချိန်၌ macula နေရာပါကွာသွားပါက အမြင်ကို ဆိုးရွားစွာ ထိခိုက်စေသည်။
အမြင်လွှာပြဲခြင်းနှင့် အမြင်လွှာကွာခြင်းဖြစ်နိုင်ခြေရှိသူများ
အကြောင်းအမျိုးမျိုးကြောင့် အမြင်လွှာပြဲခြင်းနှင့် အမြင်လွှာကွာခြင်းများ ဖြစ်နိုင်ပါသည်။ အများစုမှာ အသက်ကြီးခြင်း နှင့်အဝေးမှုန်ခြင်း ဖြစ်ပါသည်။ ထိုသူများ၏အမြင်လွှာမှာ ပုံမှန်ထက်ပိုပါးသဖြင့်    ဂျယ်လီရှုံ့ သော အချိန်၌ အမြင်လွှာပြဲနိုင်ချေ များသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် မိဘမျိုးရိုး၌ အမြင်လွှာပြဲခြင်း၊ အမြင်လွှာကွာခြင်း ရှိသူများ၊ ပထမမျက်စိ၌ အမြင်လွှာပြဲကာ အမြင်လွှာကွာဖူးသူများ၊ ယခင် မျက်စိခွဲစိတ်ကုသမှုခံယူဖူးသူများ နှင့် မျက်စိထိခိုက် ဒဏ်ရာ ရဖူးသူများ တွင်လည်း ပုံမှန်ထက် ပိုဖြစ်တတ်ပါသည်။
ရောဂါလက္ခဏာများ
အမြင်လွှာပြဲပါက မြင်ကွင်းထဲ၌ အမှုန်အပြောက်များ နှင့်လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများ ဖြစ်လာပြီး အမြင်လွှာကွာ လျှင်မူ မြင်ကွင်းတစ်နေရာမှ စ၍ ကန့် လန့် ကာအမဲကာလိုက် သကဲ့သို့ အရိပ်အမဲများ စတင်မြင်ရမည်ဖြစ်သည်။ ပိုဆိုးလာပါက ထိုအရိပ်မှာပိုကြီးလာပြီး အလယ်မြင်ကွင်းပါ ပျောက်ကာအမြင်ကွယ်သွားနိုင်ပါသည်။ ထိုသို့ အလယ်မြင်ကွင်းဆုံးရှုံးသွားပါက မည်သို့ ပင်ကုသမှု ခံယူစေကာမူအမြင်အာရုံမှာ မူလအတိုင်းအပြည့်အ၀ ပြန်မကောင်းနိုင်တော့ပေ။ ထို့ ကြောင့် ရောဂါ လက္ခဏာစပေါ်သည်နှင့် တပြိုင်နက် မျက်စိကို အမြန်ဆုံး အသေးစိပ် စမ်းသပ်ရန် လိုအပ်ပါသည်။
ကုသနည်းများ
အမြင်လွှာပြဲပါက အမြင်လွှာကွာသည့်အဆင့် မရောက်စေရန် လေဆာပစ်၍ အမြန်ဆုံး ကုသနိုင်ပါသည်။ ထိုကုသမှုမှာ ပြင်ပလူနာဋ္ဌာနတွင်ပြုလုပ်နိုင်ပြီး ဆေးရုံတက်ရန် မလိုပါ။ အကယ်၍ အမြင်လွှာ ကွာသည့်အဆင့်သို့ ရောက်သွား ပါက အမြင်ဆုံးရှံးမှု မဖြစ်စေရန် ခွဲစိတ်၍ အမြင်လွှာကို ပြန်ကပ်ရပါ
မည်။ ခွဲစိတ်နည်းများမှာ ( Vitrectomy ) ဂျယ်လီထုတ်၍ခွဲစိတ်ခြင်း နှင့် (  Scleral Buckle ) မျက်လုံးအပြင်မှ ဆီလီကွန် ခါးပတ်ဖြင့် ဖိ၍အမြင်လွှာပြန်ကပ်ခြင်းတို့ ဖြစ်သည်။
အချိန်မီကုသမှုခံယူ နိုင်ပါကအမြင်လွှာကိုအောင် အောင် မြင်မြင် ပြန်ကပ် နိုင်မည်ဖြစ်ပါသည်။
U ပုံသဏ္ဍန် အမြင်လွှာ ပြဲစုတ်ခြင်း
U ပုံသဏ္ဍန် အမြင်လွှာ ပြဲစုတ်ခြင်း
U ပုံသဏ္ဍန် အမြင်လွှာ ပြဲစုတ်ခြင်းအား လေဆာဖြင့် ကုသခြင်း။
U ပုံသဏ္ဍန် အမြင်လွှာ ပြဲစုတ်ခြင်းအား လေဆာဖြင့် ကုသခြင်း။
အမေးများသော မေးခွန်းများ
အမြင်လွှာအပြဲကိုလေဆာပစ်ပြီးပါကယခင်ကအမှုန်အပြောက်များပါပျောက်ကွယ်သွားပါသလား?
အကယ်၍ (LASIK) မျက်မှန်မတပ်ရအောင် လေဆာဖြင့် ကု၍ မျက်မှန်ပါဝါလျော့အောင် ခွဲစိတ် ထားသောသူများတွင် အမြင်လွှာပြဲခြင်း၊ ကွာခြင်း ဖြစ်နိုင်သေးပါသလား ?
ထိုအမှုန်အပြောက်များနှင့် အမြင်လွှာပြဲခြင်းများသည် စာဖတ်များခြင်း၊ TV အကြည့်များခြင်းကြောင့်  ဖြစ်တတ်ပါသလား ?
Open chat