Floaters are formed when the transparent gel of the eye occupies the space in the middle of the eyeball, and is adherent to the surface of the retina (nerve layer) of the eye.အသက်ကြီးလာ၍ မျက်စိအတွင်းရှိ ဂျယ်လီရည်များ ပြောင်းလဲလာခြင်းကြောင့် ဖြစ်ပါသည်။ ငယ်ရွယ်စဉ်၌ ဂျယ်လီရည်များသည် မျက်လုံးအတွင်း၌ ပြည့်နေပြီးအမြင်လွှာနှင့် ကပ်လျက်ရှိနေပါသည်။ အသက်(၄၀)ကျော်လာ သောအခါ ထိုဂျယ်လီများစတင်၍ ပြောင်းလဲလာပါသည်။ ထိုအခါ မျက်စိလှုပ်ရှားမှု နှင့်အတူ လိုက်ရွေ့နေသော ပင့်ကူအိမ်သဖွယ်၊ ယင်ကောင်သဖွယ်၊ ဆံချည်မျှင်သဖွယ် လှိုင်းများ၊ အမှုန်အပြောက်များ မြင်ကွင်းအတွင်း၌ ပေါ်လာပါသည်။ အဝေးမှုန်ပါဝါများသည့် လူများတွင်မူအသက်(၄၀)မတိုင်မီကပင် ထိုအမှုန်အပြောက်များ ဖြစ်ပေါ်လာတတ်ပါသည်။

ထိုအမှုန်အပြောက်များသည် နောက်ခံအရောင်ဖြော့ဖြော့ (သို့) အလင်းများသည့် အခြေအနေမျိုးတွင် ပို၍သိသာ ထင်ရှားတတ်ပါသည်။  တခါတရံတွင် ထိုအမှုန်များနှင့်တွဲ၍ လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများ ဖြစ်ပေါ်တတ်ပါသည်။ စေးကပ်နေသော ဂျယ်လီရည် များသည် အသက်ကြီး၍ ပြောင်းလဲလာကာ အမြင်လွှာမျက်နှာပြင်မှ ရှုံ့၍ကွာကျလာပါသည်။ အမြင်လွှာမျက်နှာပြင်မှ လွယ်လွယ်ကူကူ မကွာကျနိုင်သော ဂျယ်လီများသည် အမြင်လွှာကို ဆွဲသလို ဖြစ်ကာ ၎င်းကြောင့်မြင်ကွင်း၌ လျှပ်စီးကဲ့သို့ အလင်းတန်းများ မြင်ရခြင်း ဖြစ်သည်။

အလင်းရောင်ကောင်းစွာ ရရှိသော နောက်ခံနေရာတွင် Floaters ဟုခေါ်သည့် မြင်ကွင်းထဲရှိ အမှုန်အပြောက်များကို ပိမိုသိသာထင်ရှားစွာ တွေ့ရနိုင်ပါသည်။

အလင်းရောင်ကောင်းစွာ ရရှိသော နောက်ခံနေရာတွင် Floaters ဟုခေါ်သည့် မြင်ကွင်းထဲရှိ အမှုန်အပြောက်များကို ပိမိုသိသာထင်ရှားစွာ တွေ့ရနိုင်ပါသည်။

သဘာဝအတိုင်း အသက်ကြီး၍ ဖြစ်ပေါ်တတ်ခြင်းကြောင့် အများအား ဖြင့် စိတ်ပူရန်မလိုပါ။ ကုသရန်လည်းမလိုအပ်ပါ။ အချိန်ကြာလာသည် နှင့်အမျှ ၎င်းတို့နှင့် အသားကျလာကာ နောက်ပိုင်း၌ သတိထားမိတော့မည် မဟုတ်ပါ။ အကယ်၍ အမြင်လွှာမျက်နှာပြင်မှ ဂျယ်လီလွတ်ကျွတ်သွားလျှင် ထိုအလင်းတန်းများ ပျောက်သွားမည် ဖြစ်ပါသည်။

တခါတရံ အခန့်မသင့်ပါက ဂျယ်လီရုန်းချိန် ဂျယ်လီနှင့် အမြင်လွှာငြိကာ အမြင်လွှာပြဲပြီး အမြင်လွှာကွာခြင်း ဖြစ်တတ်ပါသည်။ ထို့ကြောင့် ထိုအမှုန်များနှင့် အလင်းများမြင်ခြင်းသည် ယေဘုယျအားဖြင့် အန္တရာယ်မရှိသော်လည်း အဆင်မသင့်ပါက အမြင်လွှာကွာသည်အထိ ဖြစ်တတ်သောကြောင့် ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါ။

အမေးများသော မေးခွန်းများ

အကယ်၍ ပုံမှန်ထက် အမှုန်အပြောက်များအလင်းတန်းများ ရုတ်တရက် များလာပါက ဆရာဝန်နှင့် ချက်ချင်းပြရန် လိုအပ်ပါသလား။ (သို့) ဆရာဝန်နှင့် မပြခင် အချိန်ကာလအတန်ကြာ စောင့်ကြည့်၍ ရနိုင်ပါသလား။ ?
မြင်ကွင်းအတွင်းရှိအမှုန် အပြောက်များသည် အလွန် စိတ်ရှုပ်စရာ ကောင်းသည်ကို အဘယ်ကြောင့် ကုသမှုခံယူရန် မတိုက်တွန်းပါသလဲ။ ?
အဟာရပြည့်အောင်စားခြင်း၊ vitamin ဆေးများသောက်ခြင်းနှင့် အနေအထိုင် ဆင်ခြင်ခြင်းဖြင့် ထိုအမှုန်များကိုကုသ၍ရပါသလား။ ?
Open chat