Retina Eye Specialist and Vitrectomy Eye Surgeon Singapore - Dr Nikolle TanDr Nikolle Tan သည် မျက်စိအတွင်းတိမ်နှင့် အမြင်လွှာအထူးကု ခွဲစိတ်ဆရာဝန် အဖြစ် နှစ်(၂၀) ကျော် အတွေ့ အကြုံရှိသူဖြစ်ပါသည်။ အမြင်လွှာနှင့် ပတ်သက်သော ရောဂါအမျိုးမျိုး ကို ကုသမှု၊   အထူးလေ့လာမှု တို့ ကြောင့် သူမသည် မျက်စိအမြင်လွှာရောဂါအထူးကုဖြစ်လာပါသည်။ ခက်ခဲသော မျက်စိအတွင်းတိမ် ခွဲစိတ်မှုအပါအ၀င် အတွင်းတိမ်ခွဲစိတ်မှုများကို ကျွမ်းကျင်သောသူလည်း ဖြစ်ပါသည်။

သူမသည် မျက်စိအနောက်ခန်းကုသမှု ဋ္ဌာန နှင့်  National Healthcare Group Eye Institute/ Tan Tock Seng Hospital မျက်စိကုဋ္ဌာန၏ Eye Diagnostic Services တို့ ၏ ဋ္ဌာနမှူးဖြစ်ပါသည်။ လက်ရှိတွင် National University Hospital ၏ တွဲဖက်ပါမောက္ခတာဝန်နှင့်  Tan Tock Seng Hospital တွင် Visiting Senior Consultant အနေဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

Royal Victorian Eye and Ear Hospital ( Melbourne, Australia ) နှင့် Harvard Medical School (Massachusetts, USA) တို့ တွင် မျက်စိအနောက်ခန်းရောဂါကုသမှူကို အထူးလေ့လာထားသူဖြစ်ပါသည်။

အမြင်လွှာရောဂါများကို ရှာဖွေရာတွင်  စစ်ဆေးမှုများမှာလည်း ရှုပ်ထွေးလှပါသည်။ ကုသမှုပေးရာတွင် အထူးတိကျမှုလိုအပ်ပြီး တခါတရံ  Microsurgical Procedures များလုပ်ရန်လည်း လိုအပ်ပါသည်။ Dr Tan အပြင်လွှာရောဂါပိုင်းတွင် ကျွမ်းကျင်ပိုင်နိင်မှုက သူမအား အမြင်လွှာအထူးကုအနေဖြင့် ဆရာတဆူဖြစ်စေပါသည်။

၎င်းအပြင့် သူမသည် Bayer , Novartis စသော ကုမ္ပဏီကြီးများ၏ အကြံပေးအရာရှိလည်း ဖြစ်ပြီး တခြားသော နိုင်ငံတကာဆရာဝန်များနှင့် ပူးပေါင်းကာ အသက်ကြီး၍ အမြင်လွှာဆွေးခြင်း ၊ ဆီးချိုကြောင့် ဖြစ်သော အမြင်လွှာရောဂါများ၏ ကုသမှု နည်းလမ်းများကို ရှာဖွေနေပါသည်။ ထို့ ပြင် သူမသည်   နိုင်ငံတကာ ဟောပြောပွဲများတွင် ၄င်းရောဂါများ ကြောင်းကို ပြောဆို သင်ကြားပေးရန် ဖိတ်ခေါ်ခံရသူလည်း ဖြစ်ပါသည်။

သူမကျွမ်းကျင်သော ကုသမှုများမှာ –

၁. အတွင်းတိမ် အမျိုးမျိုး ( ခက်ခဲရှုပ်ထွေးသော အတွင်းတိမ်များအပါအ၀င်)

၂. အမြင်လွှာပြဲခြင်း နှင့် ကွာခြင်း

၃.မျက်စိတွင်း အမှုန်ပြေးခြင်း

၎.အဝေးမှုန်ခြင်း

၅.အဝေးမှုန်နှင့် ဆက်စပ်သော အမြင်လွှာရောဂါများ – အမြင်လွှာဆွေးခြင်း နှင့် သွေးထွက်ခြင်း

၆.အသက်ကြီး၍ အမြင်လွှာဆွေးသော ၊ ပျက်ဆီးသော ရောဂါများ

၇. ဆီးချိုကြောင့်ဖြစ်သော အမြင်လွှာရောဂါများ

၈.အမြင်လွှာရှိ သွေးကြောရောဂါများ

၉.သွေးတိုး နှင့် ကိုယ်ခံအားရောဂါများကြောင့် ဖြစ်သော မျက်စိရောဂါများ

၁၀. အမြင်လွှာရှိ Macula တွင် ဖြစ်သော ရောဂါများ (အမြှေးပါး ဖြစ်ခြင်း ၊ အပေါက်ဖြစ်ခြင်း)

၁၁. မွေးရာပါ မျက်စိရောဂါများ

၁၂. အကြီးစား မျက်စိထိခိုက်ဒဏ်ရာများ တို့ ဖြစ်ပါသည်။

ထို့ အပြင် သူမသည် မျက်စိရေတိမ်ရောဂါများ ၊ အသေးစား မျက်စိထိခိုက်ဒဏ်ရာများ နှင့် မျက်စိပိုးဝင်ခြင်း ၊ ရောင်ရမ်းခြင်း စသော ရောဂါများကို လည်း ကုသပေးလျက်ရှိပါသည်။

Open chat