ပုံမှန်အားဖြင့် ပြင်ပမှဝင်လာသော အလင်းတန်းများသည် မျက်လုံးအတွင်းရှိ မြင်လွှာ၏ ဆုံချက်နေရာတွင် ကျရောက်ကာ ရှင်းလင်းပြတ်သားသော ပုံရိပ်ကို ဖြစ်ပေါ်စေပါသည်။ ငယ်ရွယ်သူများတွင် မျက်လုံးအတွင်းရှိမွေးရာပါ မှန်ဘီလူးသည် ကြည်လင်ပြတ်သားသော ပုံရိပ်ဖြစ် ပေါ်စေရန် အတွက် လိုအပ်သလို ပြောင်းလဲမှုများကို သဘာဝအတိုင်း လုပ်ဆောင်နိုင်ပါသည်။

အသက်အရွယ် ကြီးရင့်လာသည်နှင့် အမျှ မွေးရာပါ မှန်ဘီလူး၏ လုပ်ဆောင်ချက်များ အားနည်းလာကာ အနီးအကွာအဝေးရှိ အရာများကို ကြည်လင်ပြတ်သားစွာ မမြင်နိုင်တော့ပေ။ ထိုပြောင်းလဲမှု ဖြစ်စဉ်ကို အသက်အရွယ်ကြီးရင့်လာမှုကြောင့်  ဖြစ်သော အနီးမှုန်ခြင်းဟုခေါ်ဆိုနိုင်ပြီး လူသားတိုင်း အသက်လေးဆယ်ကျော်သည်နှင့် အမျှ ထိုပြောင်းလဲမှုဖြစ်စဉ် ကို တွေ့ကြုံရမည်သာဖြစ်သည်။ စာကြည့်မျက်မှန်တပ်ခြင်းဖြင့် အနီးအကွာအဝေးရှိ အရာ များကို ကြည်လင် ပြတ်သားစွာမြင်နိုင်ပါသည်။

လူသားတိုင်းသည် အသက်အရွယ်ကြီးရင့်လာသည်နှင့် အမျှ မျက်စိနှင့် ပတ်သက်သော ရောဂါများကို ခံစားရတတ်ပါသည်။ နေထိုင်စားသောက်မှုပုံစံကို ပြုပြင်လျှင် ရောဂါအများစုမှာ သက်သာပျောက်ကင်းသွားသော်လည်း အချို့ရောဂါများမှာ မျက်စိပုံမှန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ သို့မှသာလျှင် လိုအပ်သော ကုသမှုများကို လျှင်မြန်စွာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

Open chat