မျက်လုံးအတွင်းရှိ Vitreous ဂျယ်လီထဲသို့ ဆေးထိုးကုသခြင်း
အလွန်သေးငယ်သော ဆေးထိုးအပ်ဖြင့်မျက်လုံးအတွင်းရှိ Vitreous ဂျယ်လီထဲသို့ ဆေးထိုးခြင်းဖြင့်ရောဂါအတွက်လိုအပ်သောအကောင်းဆုံးဆေးအာနိသင်ကို ရရှိနိုင်ပါသည်။ ထိုကုသမှုမှာ ဆေးရုံတက်ရန် မလိုအပ်ပဲ ဆေးခန်း (သို့ ) ခွဲခန်း၌ပြုလုပ်၍ရပါသည်။
Vitreous ဂျယ်လီတွင်းဆေးထိုးကုသမှုကိုအမြင်လွှာနှင့်ပက်သက်သောရောဂါအများစုအတွက် စံပြကုထုံးအနေဖြင့်ပြုလုပ်လျှက်ရှိနေပါပြီ။၎င်းသည် ဆီးချိုနှင့်ပက်သက်သောအမြင်လွှာရောဂါ ( Diabetic Retinopathy and Maculopathy )အသက်ကြီး၍အမြင်လွှာယိုယွင်းခြင်း ( Age-related macular degeneration ) နှင့်အမြင်လွှာအပေါ်လွှာရှိသွေးကြောများပိတ်ခြင်း ( Retinal vein occlusion ) တို့ အတွက် ထိရောက်မှုရှိပါသည်။သို့ သော် ရောဂါ အခြေအနေ ကိုထိန်းထားနိုင်ရန် အတွက်ကြိမ်ဖန်များစွာ ဆေးထိုးရန် လိုအပ်တတ်ပါသည်။
ဆေးထိုးပြုမှုလုပ်ပုံ
ဆေးထိုးစဉ်တွင်နာကျင်မှုမရှိစေရန်အတွက်ထုံဆေးမျက်စဉ်းအရင်ခပ်ရပါမည်။မျက်စိနှင့်မျက်လုံးတစ်ဝိုက်ကိုပိုးသတ်ဆေးရည်ဖြင့်သန့် ရှင်းအောင်ဆေးကြောရပါမည်။
ဆေးထိုးနေစဉ်တွင်မျက်စိကိုညှစ်ခြင်း ၊ မှိတ်ခြင်းမပြုနိုင်ရန်အတွက်မျက်ခွံထောက်ထားသောကိရိယာထည့်ရပါမည်။ဆေးထိုးစဉ်တွင် ဆရာဝန်ညွှန်ကြားသည့်မျက်စိအနေအထားဖြင့်နေရပါမည်။ထို့ နောက်အလွန်သေးငယ်သောဆေးထိုးအပ်ဖြင့်မျက်လုံးအတွင်းသို့ ဆေးထိုးထည့်ရပါသည်။
တခါတရံတွင်ဆေးထိုးပြီးမျက်စိရေပေါင်ချိန်တက်ပါက ဆေးထိုးအပ်ငယ်လေးဖြင့်မျက်စိအရှေ့ ခန်းရှိအရည်အနည်းငယ်ကိုစုပ်ထုတ်ရန်လိုအပ်တတ်ပါသည်။ဆေးထိုးပြီးပါက ပိုးသတ်ဆေးမျက်စဉ်းကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းထည့်ရပါမည်။
မျက်စိအတွင်းသို့ ဆေးထိုးကုသပုံ
အသုံးပြုသည့်အမျိုးအစားများ
မျက်လုံးအတွင်းထိုးသည့်ဆေးအမျိုးအစား(၄)မျိုးရှိပါသည်။ Eylea (Aflibercept), Lucentis (Ranibizumab), Avasin ( Bevacizumab) နှင့် Ozurdex ( Dexametasone) တို့ ဖြစ်ပါသည်။ဆေးအားလုံး၌အမြင်ဆုံးရှုံးမှုကိုကာကွယ်နိုင်စွမ်းရှိပါသည်။ဆရာဝန်မှသင်နှင့်အသင့်တော်ဆုံးအမျိုးအစားကိုရှင်းပြပေးပါမည်။လူနာ၏အထွေထွေကျန်းမာရေး ဆေးအပေါ်တုံ့ ပြန်နိုင်မည့်ရလာဒ်နှင့်ဆေးကုသရမည့်မျက်လုံး၏အခြေအနေပေါ်မူတည်၍ ထိုးမည့်ဆေးအမျိုးအစားကိုရွေးချယ်ရပါမည်။
ဆေးထိုးခြင်းနှင့်ပက်သက်သောအမေးအဖြေများ
လူနာအနေဖြင့်ဆေးထိုးရန် မည်သည့်ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်ပါသလဲ ?
အထွေအထူး ပြင်ဆင်မှုမလိုအပ်ပါ။ဆေးမထိုးခင် အစာရှောင်ရန်နှင့် ဆေးထိုးပြီးဆေးရုံတက်ရန်လည်းမလိုအပ်ပါ။အကယ်၍သင့်၌လတ်တလော လေဖြတ်ခြင်း ၊ နှလုံးအောင့်ခြင်း ၊ အစာအိမ်နှင့်အူလမ်းကြောင်းအနာဖြစ်ခြင်း ၊ သွေးပေါင်ချိန်အတက်အကျများခြင်း နှင့်မျက်စိနာခြင်းများဖြစ်ပါက ဆေးမထိုးမီ ဆရာဝန်ကိုအကြောင်းကြားရပါမည်။ဆေးထိုးဖူးသူများလည်းယခင်ဆေးထိုးပြီးနောက် ပြသနာတစ်စုံတစ်ရာ ရှိပါကဆရာဝန်ကိုကြိုပြောရပါမည်။
ဆေးထိုးပါက နာကျင်မှုရှိပါသလား ?
ဆေးမထိုးခင် ထုံဆေးမျက်စဉ်းကြိုခပ်ထားပေးမည့်အပြင် အလွန်သေးငယ်သော ဆေးထိုးအပ်ကလေးဖြင့်ထိုးမည်ဖြစ်သောကြောင့်နာကျင်မှုအလွန်နည်းပါသည်။
ဆေးထိုးပြီးနောက် သတိပြုရမည့်အချက်များ ရှိပါသလား ?
ဆေးထိုးပြီးနောက် အိမ်ပြန် နားနိုင်ပါသည်။အလုပ်ပြန်လုပ်လိုပါကလည်း ပုံမှန်အတိုင်းပြန်လုပ်နိုင်ပါသည်။ဆေးထိုးထားသောမျက်လုံးကို ပိုးဝင်မှုမရှိစေရန် ပိုးသတ်ဆေးမျက်စဉ်းကိုရက်အနည်းငယ်ကြာအောင်ခတ်ရပါမည်။အကယ်၍ ဆေးထိုးပြီးနောက်မျက်စိရေပေါင်ချိန်တက်နေပါက ရေချိန်ကျစေသည့်မျက်စဉ်းကိုခပ်ရပါမည်။
မျက်စိနားတစ်ဝိုက်ကို သန့် ရှင်းအောင်ထားရပါမည်။ ရေကူးခြင်းကဲ့သို့ သောမျက်စိကို ပတ်ဝန်းကျင်ရှိ မသန့် ရှင်းသော အရာများနှင့်ထိတွေ့ ခြင်းကို တစ်ပတ်ခန့် ရှောက်ကြဉ်ရပါမည်။
ဆေးမထိုးမီပိုးသတ်ဆေးရည်များထည့်ရခြင်းကြောင့်ဆေးထိုးပြီးကာစတွင် မျက်စိ ခုလုခုလု ဖြစ်နေခြင်းနှင့် မျက်စိအောင့်ခြင်းတို့ ဖြစ်တတ်ပါသည်။တခါတရံတွင် မျက်ကြည်လွှာမျက်နှာပြင်ပွန်း၍မျက်စိနီတတ်သော်လည်းရက်အနည်းငယ်အတွင်းသက်သာလာမည်ဖြစ်ပါသည်။
တခါတရံတွင် ဆေးနှင့်အတူ လေပူဖောင်းလေးများ အခန့် မသင့် ပါသွားတတ်သည်။ ထိုအခါ မြင်ကွင်းထဲတွင်အရိပ်ကဲ့သို့ အရာလေးများကို မြင်ရတတ်ပါသည်။ ထိုပူဖောင်းကြောင့်ဖြစ်သော အရိပ်လေးများမှာ ရက်အနည်းငယ်အတွင်းပျောက်သွားမည်ဖြစ်၍စိတ်ပူစရာမလိုပါ။
မျက်စိထဲရှိ ဂျယ်လီအတွင်းသို့ ဆေးထိုးကုသမှုသည် အမြင်လွှာနှင့် အမြင်လွှာအလယ် ဗဟိုရှိ Macula ဟုခေါ်သော အစိတ်အပိုင်းနှင့် သက်ဆိုင်သည့် ရောဂါများအတွက် အလွန်ထိရောက်မှု ရှိပါသည်။ ဆီးချိုကြောင့် အမြင်လွှာရှိ macula ရောင်ရမ်းနေပုံ (မျက်စိတွင်သို့ဆေးမထိုးမီ)
ဆီးချိုကြောင့် macula ရောင်ရမ်းခြင်း သက်သာသွားပုံ (မျက်စိတွင်းဆေးထိုးပြီးပုံ)