Atropine မျက်စဉ်းသည် ကလေးအဝေးမှုန်ခြင်းကို ကုသပေးသော အထိရောက်ဆုံးနည်းလမ်းဖြစ်ပါသည်။ ၄င်းသည် မျက်စိအဝေးမှုန်ပါဝါထပ်မတိုးအောင်သာ လုပ်ဆောင်ပေးနိုင်ပြီး ရှိပြီးသော ပါဝါကတော့ ပျောက်မည်မဟုတ်ပါ။

၎င်းသည် ကလေးသူငယ်များတွင်သာ အသုံးပြုနိုင်ပြီး စောစောကုသလေ ရလာဒ်ကောင်းလေဖြစ်သည်။ အသက်ကြီးသူများတွင် အသုံးပြုပါက ထူးခြားမည်မဟုတ်ပါ။

အဝေးမှုန်ထိန်းရာတွင် မျက်မှန်အထူတပ်ရန် မလိုခြင်းသာမက အမြင်လွှာပြဲခြင်း၊ ကွာခြင်း ၊ အရွယ်မတိုင်မီ အမြင်လွှာဆွေးခြင်းစသောအမြင်ကွယ်စေနိုင်သော  အဝေးမှုန်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကိုပါ ကာကွယ်ပေးနိင်ပါသည်။ ထို့ ပြင် အဝေးမှုန်ခြင်းကြောင့် ရေတိမ်ရောဂါ၊ အတွင်းတိမ် နှင့် မျက်စိအတွင်း အမှုန်ပြေးခြင်း စသည်တို့ လည်း ဖြစ်စေနိုင်ပါသည်။

အဝေးမှုန်ပါဝါများခြင်းကြောင့် အမြင်လွှာထိခိုက်ပျက်စီးပါက အမြင်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

အဝေးမှုန်ပါဝါများခြင်းကြောင့် အမြင်လွှာထိခိုက်ပျက်စီးပါက အမြင်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

အဝေးမှန်ခြင်းအတွက် Atropine မျက်စဉ်းကို စင်ကာပူတွင် နှစ်ပေါင်းများစွာကပင် အသုံးပြုနေပြီးဖြစ်သည်။ ရေတိုတွင် အသုံးတည့်သော်လည်း  ပုံမှန်ဆေးပြင်းအားကိုသုံးပါက ဆိုးကျိုးများရှိပါသည်။ ဆေးသည် မျက်စိ၏ Focus လုပ်ပေးစွမ်းကို ခဏတာ ရပ်တန့် စေပြီး မျက်စိသူငယ်အိမ်ကို ကျယ်စေပါသည်။ ထို့ ကြောင့် မျက်စိအလင်းစူးတတ်ပြီး ရက်သတ္တပတ် အနည်းငယ်ခန့်  အနီးဝါးတတ်ပါသည်။ ထို့ ကြောင့် ကျောင်းတတ်ကလေးများအနေဖြင့် အလင်းစူးကာကွယ်ပေးသော မျက်မှန်များ ၊ အနီးကြည့်မျက်မှန်များ တပ်ရန်လိုအပ်ပါသည်။ ဆေးအသုံးပြုမှုများပါက ဆေးကြောင့် ယားယံခြင်း၊ ဓာတ်မတည့်ခြင်းတို့ ဖြစ်တတ်ပါသည်။

နောက်ဆုံးလေ့လာချက်များအရ ၄င်းဆေးပြင်းအား ၀.၀၁% သာ သုံးပါက ပုံမှန်ပြင်းအားသုံးသကဲ့သို့  အကျိုးသက်ရောက်မှုရှိပြီး ပုံမှန် ဆိုးကျိုးများလည်းမရှိတတ်ပေ။ ထို့ ပြင် ဆေးရပ်ပါက အဝေးမှုန်ပိုဆိုးစေသော Rebound effect ကိုလည်းသက်သာစေပါသည်။

Open chat