အတွင်းတိမ်ဆိုသည်မှာမျက်စိအတွင်းရှိမွေးရာပါ မှန်ဘီလူးထူလာကာ အမြင်ေ၀၀ါးလာခြင်းဖြစ်သည်။ အချိန်ကြာမြင့်လာသည်နှင့် အမျှ တိမ်တဖြည်းဖြည်းရင့်လာကာ အမြင်ပိုမိုဝေဝါးလာတတ်သည်။

မျက်စိအတွင်းရှိ မွေးရာပါ မှန်ဘီလူးသည်ပြင်ပမှ ဝင်လာသောအလင်းတန်းများကို စုဆုံစေကာ ပုံရိပ် အဖြစ် မြင်အောင် လုပ်ဆောင်ပေးပါသည်။ မွေးရာပါမှန်ဘီလူးသည်အတွင်းတိမ်မဖြစ်သေးသရွှေ့ ကြည်လင်နေသော ကြောင့်အမြင်မှာလည်းဝေဝါးခြင်းမရှိဘဲ ပုံရိပ်များကို ကြည်လင်ပြတ်သားစွာမြင်နိုင်ပါသည်။ အတွင်းတိမ်ဖြစ်လာမှ သာလျှင် အမြင်မှာတဖြည်းဖြည်းဝေဝါးလာတတ်ပါသည်။

 မွေးရာပါမှန်ဘီလူးသည် ပုံမှန်အားဖြင့် အခွံအိတ်အတွင်းတွင် တည်ရှိနေပါသည်။ အတွင်းတိမ် အမျိုး အစားများ အမျိုးမျိုးရှိရာတွင် အနောက်ဘက်အခွံအိတ်တွင်ဖြစ်သောအတွင်းတိမ် အမျိုးအစားဖြစ်သူများတွင် အမြင် ဝေဝါးခြင်းကို အခြားသောအတွင်တိမ်အမျိုးအစား ဖြစ်သူများထက် အသက်ပိုမို ငယ်ရွယ်စဉ်ကတည်းက သတိ ထားမိတတ်ကြပါသည်။

အလွန်ထူသောအတွင်းတိမ်

အလွန်ထူသောအတွင်းတိမ်

အသက်ငယ်ရွယ်သူများတွင် အဖြစ်များသည့် အတွင်းတိမ် နောက်အခွံထူသည့် တိမ်အမျိုးအစား

အသက်ငယ်ရွယ်သူများတွင် အဖြစ်များသည့် အတွင်းတိမ် နောက်အခွံထူသည့် တိမ်အမျိုးအစား

 

အတွင်းတိမ် ဘာကြောင့်ဖြစ်ရသလဲ။

အတွင်းတိမ်ကို ဖြစ်ပေါ်လာစေသော အဓိကအကြောင်းအရင်းမှာ အသက်အရွယ်ကြီးမြင့်လာမှု ကြောင့်ဖြစ်သည်။ အခြားသောအကြောင်းအရာများမှာ အချိန်ကြာမြင့်စွာ နေရောင်ခြည်ဖြင့်ထိတွေ့မှုများခြင်း၊ ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်မှုကောင်းခြင်း steroid (prednisolone) ပါဝင်သောမျက်စဉ်းဆေးများသုံးခြင်း၊ မျက်စိတွင် ထိခိုက်ဒဏ်ရာရခြင်းစသည်ဖြင့် အခြားသောအကြောင်းအရင်းများစွာ ရှိပါသည်။ အသက်အရွယ်ကြီးမြင့်မှုမှအပ အခြားသောအကြောင်းအရင်းများကြောင့်အတွင်းတိမ်ဖြစ်သူများသည် အသက်အရွယ်အားဖြင့် ပိုမိုငယ်ရွယ်သည်ကို တွေ့ရှိရပါသည်။

အချို့သောကလေးများတွင်လည်းမွေးရာပါ အတွင်းတိမ်(သို့မဟုတ်)မျိုးရိုးဗီဇအရအသက်အရွယ်ငယ်ရွယ်စဉ်မှာပင် အတွင်းတိမ်ဖြစ်တတ်ကြပါသည်။

ကလေးများတွင် ဖြစ်သည့် အတွင်းတိမ်

ကလေးများတွင် ဖြစ်သည့် အတွင်းတိမ်

အတွင်းတိမ်ဖြစ်ပေါ်လာလျှင် မည်သို့သောရောဂါလက္ခဏာများခံစားရမည်နည်း။

အတွင်းတိမ်ဖြစ်လာလျှင် အမျိုးမျိုးသောရောဂါ လက္ခဏာများကို ခံစားရတတ်ပါသည်။ အဖြစ်အများ ဆုံးရောဂါ လက္ခဏာမှာ အမြင်ေ၀၀ါးလာပြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ ပို၍ဆိုးလာခြင်း(သို့မဟုတ်) မျက်မှန်တပ်သော် လည်း အမြင်ဝေဝါးခြင်းမှာ မပျောက်ကင်းဘဲ ပို၍ဆိုးလာခြင်းတို့ဖြစ်ပါသည်။

အတွင်းတိမ်ဖြစ်သူများတွင် မျက်မှန်ပါဝါမှာလည်း အချိန်တိုအတွင်းပါဝါလျှင်မြန်စွာ တိုးလာခြင်းကိုကြုံ တွေ့ ရတတ်ပါသည်။ အခြားသောရောဂါလက္ခဏာများမှာ မျက်စိကျိန်းခြင်း၊ ပုံရိပ်နှစ်ထပ်ဖြစ်ခြင်းတို့ဖြစ်တတ်ပါသည်။

မည်သို့သော အခြေအနေမျိုးတွင် ခွဲစိတ်မှုခံယူသင့်သနည်း။

မည်သည့်အချိန်တွင် အတွင်းတိမ်ခွဲစိတ်ရမည့်ဆုံးဖြတ်ချက်သည် တစ်ဦးနှင့်တစ်ဦး မတူညီဘဲတစ်ဦး ချင်းစီ ၏အလုပ်အကိုင်၊ နေ့စဉ်လုပ်ဆောင်နေရသောတာဝန်များနှင့်လူနာ၏ ဝါသနာ(ဥပမာစာဖတ်ခြင်း၊ ဂေါက်ရိုက်ခြင်း ခရီးသွားခြင်း) စသည့်အချက်များပေါ်တွင် မူတည်ပါသည်။

အတွင်းတိမ်ကြောင့်မိမိ၏ ပုံမှန်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်လောက်အောင် မှုန်ဝါးလာလျှင်လည်း ကောင်း၊ မော်တော်ယာဉ်မောင်းရာတွင်အမြင်ဝေဝါးလာခြင်းကြောင့် အခက်အခဲဖြစ်လာလျှင်လည်းကောင်း အတွင်း တိမ်ခွဲစိတ်ရန်လိုအပ်တတ်ပါသည်။

ကုသနည်း

အတွင်းတိမ် ဖြစ်လာပါက ခွဲစိတ်ကုသခြင်းသည်သာ တစ်ခုတည်းသော ကုသနည်းဖြစ်ပါသည်။ ခွဲစိတ်ကုသမှုကိုလည်း ဆေးရုံတွင် ညအိပ်တက်စရာမလိုဘဲ Day case အနေဖြင့် လုပ်နိုင်ပါသည်။

အတွင်းတိမ်ကို Phacoemusification ဟုခေါ်သည့် အထရာဆောင်းလှိုင်းဖြင့် ချေ၍စက်ဖြင့် စုပ်ထုတ်ခြင်း

အတွင်းတိမ်ကို Phacoemusification ဟုခေါ်သည့် အထရာဆောင်းလှိုင်းဖြင့် ချေ၍စက်ဖြင့် စုပ်ထုတ်ခြင်း

အတွင်းတိမ်အား ထုတ်ပြီးနောက် မူလတိမ်နေရာတွင် ပလတ်စတစ်မှန် ဘီလူးအား ပြန်ထည့်ပေးခြင်း

အတွင်းတိမ်အား ထုတ်ပြီးနောက် မူလတိမ်နေရာတွင် ပလတ်စတစ်မှန် ဘီလူးအား ပြန်ထည့်ပေးခြင်း

အတွင်းတိမ်နှင့် ပတ်သက်သော အမေးအဖြေများ

အတွင်းတိမ်ကို မျက်စဉ်း၊ သောက်ဆေးများဖြင့် ကုသနိုင်ပါသလား။
အတွင်းတိမ်ကို ခွဲစိတ်ကုသမှုမခံယူလျှင် မည်သို့ဖြစ်လာနိုင်မည်နည်း။        
အတွင်းတိမ်ကို ခွဲစိတ်ကုသပြီးလျှင် မျက်မှန်တပ်ဖို့လိုအပ်ပါသလား။
Open chat