ဖစ်တတ်ပါသည်။ သွေးတွင်းသကြားဓါတ် မြင့်ခြင်းကြောင့် အမြင်လွှာပေါ်ရှိ သွေးကြောလေးများ ပျက်စီးကာ အမြင်လွှာပေါ်၌ သွေးထွက်ခြင်း၊ အဆီဓါတ်နှင့် ပရိုတင်းဓါတ်များ သွေးကြောနံရံများမှ စိမ့်ထွက်ခြင်းတို့ ဖြစ်လာပါသည်။

 ရောဂါအဆင့် အမျိုးမျိုးရှိပါသည်။ ရောဂါဖြစ်ကာစ ကနဦးအဆင့်မှ ရောဂါကျွမ်းသည့် အဆင့်သို့ရောက်ရန်မှာ နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာမြင့် နိုင်ပါသည်။ သို့ဖြစ်၍ စောစီးစွာ မျက်စိစစ်ဆေးမှု ခံယူခြင်းဖြင့် ရောဂါကျွမ်းသည့် အဆင့်သို့မရောက်မှီ ရောဂါဖြစ်ကာစအဆင့်၌ပင် အချိန်မီ ကုသမှု ရရှိနိုင်ပါသည်။ ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းသည် မျက်လုံးတွင်းသွေးယိုခြင်း၊ အမြင်လွှာတွင် အမာရွတ်ဖြစ်ခြင်း၊ ထိုမှတစ်ဆင့် အမြင်လွှာကွာသည်အထိဖြစ်ကာ အမြင်ဆုံးရှုံးစေနိုင်ပါသည်။

ဆီးချိုကြောင့် အမြင်လွှာအလယ်ရှိ အနုစိတ်ကြည့်သည့်နေရာ Macula ပျက်စီးပါက အချိန်မီမကုသနိုင်လျှင် ထိုနေရာရောင်ရမ်းလာကာ စာဖတ်လျှင်သုံးသည့် အလယ်မြင်ကွင်း ပျက်စီးသွားနိုင်ပါသည်။

ဆီးချိုရောဂါသည် ခန္ဓာကိုယ် တစ်ခုလုံးကိုထိခိုက်စေနိုင်သောကြောင့် မျက်စိ၌ပျက်စီးသည့် လက္ခဏာများ မဖြစ်ပေါ်မီအချိန်ကပင် ကျောက်ကပ် နှင့် နှလုံးထိခိုက်ခြင်း နှင့် ခြေဖျားလက်ဖျားရှိ အာရုံခံသည့် အာရုံကြောမျှင်လေးများပျက်စီးခြင်းလက္ခဏာများရှိနှင့်ပြီး ဖြစ်ပေလိမ့်မည်။

ဆီးချိုရောဂါကြောင့် အမြင်လွှာရှိ အနုစိပ်ကြည့်ရာတွင်သုံးသည့် macula ဟုခေါ်သည့် အစိတ်အပိုင်း ရောင်ခြင်း။

ဆီးချိုရောဂါကြောင့် အမြင်လွှာရှိ အနုစိပ်ကြည့်ရာတွင်သုံးသည့် macula ဟုခေါ်သည့် အစိတ်အပိုင်း ရောင်ခြင်း။

ရောဂါကျွမ်းသည့် အဆင့်တွင် အမြင်လွှာပျက်စီးခြင်းနှင့် မျက်စိအတွင်းသွေးထွက်ခြင်း

ရောဂါကျွမ်းသည့် အဆင့်တွင် အမြင်လွှာပျက်စီးခြင်းနှင့် မျက်စိအတွင်းသွေးထွက်ခြင်း

ကုသနည်းများ

ရောဂါစသည့် အဆင့်တွင် အများအားဖြင့် ကုသမှုမလိုအပ်ပေ။ သွေးတွင်းရှိ သကြားဓါတ်ကို ကောင်းစွာထိန်းထားနိုင်လျှင် မျက်စိထိခိုက်မှု နှုန်းကိုလျှော့နည်းစေနိုင်ပါသည်။ ရောဂါအဆင့်အလိုက် ကုသမှုလို/မလိုသိနိုင်စေရန် နှစ်စဉ်ပုံမှန် မျက်စိစမ်းသပ်မှု ပြုလုပ်ရန် အရေးကြီးပါသည်။

ရောဂါအခြေအနေဆိုးလာပါက ရောဂါအမျိုးအစားအလိုက် ကုသမှုများစွာရှိပါသည်။

(၁) လေဆာဖြင့်ကုသခြင်း (Laser Therapy)

ဆီးချိုကြောင့် အမြင်မရှုံးစေရန်နှင့် အမြင်လွှာပျက်စီးမှုနှုန်းကိုနည်းစေရန် လေဆာဖြင့်ကုသနိုင်ပါသည်။ ၄င်းကို မျက်စိဆေးခန်း၌ပင် ပြုလုပ်နိုင်ပြီး ၃-၄ ကြိမ်ခန့် လေဆာပစ်ရန် လိုတတ်ပါသည်။

လေဆာဖြင့် ကုသခြင်း

လေဆာဖြင့် ကုသခြင်း

(၂) မျက်စိဂျယ်လီတွင်းသို့ ဆေးထိုးကုသခြင်း (Intravitreal Injection Therapy)

ယခုအခါ ဂျယ်လီအတွင်းသို့ ဆေးထိုးကုသမှုကိုဆီးချိုကြောင့် Macula နေရာပျက်စီးသည့် အခြေအနေအတွက် အဓိကကုထုံးအနေဖြင့် ပြုလုပ်လျက်ရှိပါသည်။ အလွန်သေးငယ်သော ဆေးထိုးအပ်လေးဖြင့် မျက်စိဂျယ်လီအတွင်းသို့ Anti-VEGF Agent ဟုခေါ်သောဆေးကို ထိုးထည့်ခြင်း ဖြစ်သည်။ ကုသမှုရလဒ်မှာလည်း အလွန်ကောင်းပါသည်။ ၄င်းအတွက် ဆေးရုံတက်ရန်မလိုဘဲ မျက်စိဆေးခန်း၌ပင် ပြုလုပ်နိုင်ပါသည်။ ရောဂါခြေအနေကိုထိန်းထားနိုင်ရန်အတွက် ကြိမ်ဖန်များစွာ ဆေးထိုးရန်လိုအပ် နိုင်ပါသည်။

ဆီးချိုကြောင့် Macula ရောင်မရောင်ကို စက်ဖြင့် စစ်ဆေးနိုင်ပါသည်။

ဆီးချိုကြောင့် Macula ရောင်မရောင်ကို စက်ဖြင့် စစ်ဆေးနိုင်ပါသည်။

မျက်စိအတွင်း ဆေးထိုးကုသပြီးနောက် စက်ဖြင့် အမြင်လွှာ ရောင်ရမ်းမှု သက်သာမှုရှိမရှိ စစ်ဆေးနိုင်သည်။

မျက်စိအတွင်း ဆေးထိုးကုသပြီးနောက် စက်ဖြင့် အမြင်လွှာ ရောင်ရမ်းမှု သက်သာမှုရှိမရှိ စစ်ဆေးနိုင်သည်။

(၃) ခွဲစိတ်ကုသခြင်း (Surgery)

မျက်စိတွင်းသွေးယိုခြင်း နှင့် အမြင်လွှာကွာခြင်းကဲ့သို့သော ရောဂါကျွမ်းသည့် အဆင့်တွင် ထိုသွေးများ၊ အမာရွတ်များကိုဖယ်ထုတ်ပြီး ကွာနေသော အမြင်လွှာကို ပြန်ုကပ်စေရန် “Vitrectomy” ဟုခေါ်သော ခွဲစိတ်မှုကို ပြုလုပ်ရပါမည်။

အမြင်လွှာ ခွဲစိပ်ကုသမှုပြုလုပ်ရာတွင် သေးငယ်သော ကတ်ကျေးလေးများ၊ ဇာဂနာလေးများ အသုံးပြု၍ အမာရွတ်များကို ဖယ်ရှားနိုင်ပါသည်။

အမြင်လွှာ ခွဲစိပ်ကုသမှုပြုလုပ်ရာတွင် သေးငယ်သော ကတ်ကျေးလေးများ၊ ဇာဂနာလေးများ အသုံးပြု၍ အမာရွတ်များကို ဖယ်ရှားနိုင်ပါသည်။

ဆီးချိုကြောင့် မျက်စိအမြင်ထိခိုက်မှု ရှိ၊မရှိပုံမှန်စစ်ဆေးမှု ပြုလုပ်ခြင်း

ဆီးချိုရောဂါရှိသူများသည် မျက်စိထိခိုက်မှု မရှိခင် ရောဂါစသည့်အဆင့်ကို အချိန်မီသိနိုင်စေရန် ပုံမှန်မျက်စိစစ်ဆေးမှု ပြုရန် အရေးကြီးလှပါသည်။ အကယ်၍ မျက်စိအမြင်ထိခိုက်မှု မရှိစေကာမူ တစ်နှစ်လျှင် တစ်ကြိမ် အနည်းဆုံး စမ်းသပ်မှု ခံယူသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါနုသည့် အချိန်တွင်မည်သည့် ရောဂါလက္ခဏာမှ မပြသသည့်အတွက် ပုံမှန်စစ်ဆေးမှု မပြုလုပ်ပါကမျက်စိရောဂါ ရှိနေသည်ကိုမသိဘဲအချိန်မီကုသမှု မရရှိနိုင်သောကြောင့် ဖြစ်ပါသည်။

ဆီးချိုကြောင့် အမြင်လွှာပျက်စီးမှု စတင်နေလျှင်မူ တစ်နှစ်အထိမစောင့်ဘဲ လိုအပ်လျှင် လိုအပ်သလို မကြာခဏ စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်သင့်ပါသည်။ သို့မှသာ လိုအပ်သော ကုသမှုများကို အချိန်မီရရှိနိုင် မည်ဖြစ်ပါသည်။

ပုံမှန်အားဖြင့် မျက်စိစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရာတွင် အမြင်လွှာအားဓါတ်ပုံရိုက် စစ်ဆေးမှုပါဝင်ပါသည်။ ဓါတ်ပုံရိုက်၍ မရသော အခြေနေများနှင့် ဆီးချိုကြောင့် အမြင်လွှာပျက်စီး နိုင်ခြေများသော လူနာများသည် မျက်စိဆရာဝန်နှင့် မျက်စိစမ်းသပ် စစ်ဆေးမှုကို ပြုလုပ်ရန် လိုအပ်ပါသည်။ အမြင်လွှာပျက်စီးမှု စတင်နေလျှင် ပျက်စီးမှု ပမာဏကိုသိရှိနိုင်ရန် အတွက် သွေးကြောထဲသို့ ဆေးသွင်း၍ဓါတ်ပုံရိုက်ခြင်း (Fluorescein Angiography) နှင့် OCT scan (Optical Coherence Tonography) မျက်လုံးအားအသေးစိတ် ခွဲခြမ်းစိတ်ဖြာဓါတ်ပုံရိုက်ခြင်း များကို ပြုလုပ်ရန် လိုအပ်ပါသည်။

အမေးများသော မေးခွန်းများ

ဆီးချိုရောဂါ ရှိသူများတွင် အမြင်လွှာပျက်စီး နိုင်ချေရှိ၊မရှိမည်သို့သိနိုင်မည်နည်း။
ဆရာဝန်မှ ဆီးချိုကြောင့် အမြင်လွှာပျက်စီးမှု စဖြစ်နေပြီဟုပြောပါသည်။ သို့သော် ဤအဆင့်၌ ကုသမှုမလိုသေး ဟုလည်းပြောပါသည်။ သက်သာအောင် မျက်စဉ်းဆေး၊ သောက်ဆေးများလည်း မပေးလိုက်ပါ။ ဘာကြောင့်ပါလဲ။
ပန်မကောင်းပါသလဲ။
Open chat