အတွင်းတိမ်ခွဲစိတ်ခြင်းသည် အတွင်းတိမ်ရောဂါအတွက် ထိရောက်မှုရှိသော ကုသမှုဖြစ်ပြီး တွေ့ရများသော ခွဲစိတ်မှုတစ်မျိုးဖြစ်ပါသည်။ ပုံမှန်အားဖြင့် နေ့တွင်းချင်းအပြီးခွဲစိတ်မှုတစ်မျိုးဖြစ်၍ ဆေးရုံတွင် ညအိပ်ရန်လိုအပ်လေ့မရှိပါ။

ခွဲစိတ်မှုကိုများသေားအားဖြင့် Phacoemulsification (Phaco) ဟုခေါ်သော နည်းပညာဖြင့် ခွဲစိတ်ခြင်း ဖြစ်၍ ထုံဆေး၊ မျက်စဉ်းဆေးများဖြင့်သာ ခွဲစိတ်လေ့ရှိသည်။

အထက်ပါ (Phaco)နည်းပညာဖြင့် ခွဲစိတ်နေစဉ်တွင် အတွင်းတိမ်၏အရှေ့ခြမ်းအလွာပါးလေးကို ဦးစွာ ဖယ်ရှားရပါသည်။ ထို့နောက် အလွန်သေးငယ်သော အာထရာဆောင်းစက်ဖြင့် အတွင်းတိမ်ကိုအပိုင်းပိုင်းဖြစ်အောင် ခွဲစိတ်ပြီး 2.75mm မျှသာရှိသော ခွဲကြောင်းအရာလေးမှတဆင့် အပြင်သို့ စုပ်ထုတ်ပါသည်။

အတွင်းတိမ်၏အနောက်ဖက်ခြမ်းအလွှာလေးကိုမူ ခွဲစိတ်နေစဉ်အတွင်း ထိခိုက်မှုမရှိအောင် သတိထား ၍ ထားခဲ့ရပါသည်။ သို့မှသာ တိမ်အစားထိုး မျက်စိအတွင်းထည့်မှန်ဘီလူးကို ယင်းအလွှာလေးပေါ်တွင် ပြန်လည်ထည့်ထားနိုင်မည် ဖြစ်ပါသည်။ မျက်စိအတွင်းထည့် မှန်ဘီလူး (interaocular lens implant)ကိုထည့် ထားခြင်းဖြင့် ခွဲစိတ်ပြီးချိန်တွင် ကောင်းစွာမြင်နိုင်ရန် ကူညီပေးပါသည်။ ခွဲကြောင်းရာမှာ အလွန်သေးငယ်သော ကြောင့် ပြန်လည်ချုပ်၍ ပိတ်ပေးရန်မလိုပါ။

အတွင်းတိမ် ခွဲစိပ် ကုသနေပုံ

အတွင်းတိမ် ခွဲစိပ် ကုသနေပုံ

နောက်ဆုံးပေါ် နည်းပညာဖြင့် အတွင်းတိမ် ခွဲစိပ်ကုသမှုသည် အနာကျက်နှုန်းမြန်ဆန်ပြီး အချိန်တိုအတွင်း ကြည်လင်ပြတ်သားသော အမြင်အာရုံကို ရစေနိုင်ပါသည်။

နောက်ဆုံးပေါ် နည်းပညာဖြင့် အတွင်းတိမ် ခွဲစိပ်ကုသမှုသည် အနာကျက်နှုန်းမြန်ဆန်ပြီး အချိန်တိုအတွင်း ကြည်လင်ပြတ်သားသော အမြင်အာရုံကို ရစေနိုင်ပါသည်။

မျက်စိအတွင်းထည့်မှန်ဘီလူး

မျက်စိအတွင်းထည့် မှန်ဘီလူးသည် ပြင်ပမှဝင်လာသော အလင်းတန်းများကို မျက်စိအလယ်စုံမှတ် (macula)တွင် လာရောက်စုံစေခြင်းအားဖြင့် မျက်စိမှ အရာဝတ္ထုများကို ရှင်းလင်းစွာမြင်အောင် လုပ်ဆောင်ပေး ပါသည်။

ယခုအခါတွင် မခွဲစိတ်မှီရှိသော အဝေးမှုနှင့် အနီးမှုန်ပါဝါများကို ပြုပြင်ပေးနိုင်ရန် မျက်စိအတွင်းထည့် မှန်ဘီလူးများစွာရှိနေပြီ ဖြစ်ပါသည်။ အလွန်ကောင်းသော မျက်စိအတွင်းထည့် မှန်ဘီလူးအချို့မှာ မျက်စိမျက်နှာပြင် အခုံးအခွက်မညီခြင်းကြောင့်ဖြစ်သော ပါဝါ (စလင်ဒါပါဝါ)နှင့် အသက်ကြီး၍ မျက်စိအနီးမှုန် ခြင်း (Presbyopia)များကိုပါ ပြုပြင်ပေးနိုင်မည်ဖြစ်ပါသည။

ပလပ်စတစ်မှန်ဘီလူး ထည့်ထားပုံ

ပလပ်စတစ်မှန်ဘီလူး ထည့်ထားပုံ

စံပြမျက်စိအတွင်းထည့် မှန်ဘီလူး (monotocal lens)များကို အသုံးပြုလျှင် မျက်စိအမြင်မှာ ကြိုတင် သတ်မှတ်ထားသော တစ်နေရာအတွက် ကြည်လင်ပြတ်သားနေမည် ဖြစ်သည်။ ဥပမာအားဖြင့် သင်၏ မျက်စိ အတွင်းထည့် မှန်ဘီလူးမှာ အဝေးအမြင်အာရုံအတွက် ကောင်းမွန်အောင် ချိန်ညှိထားပါက အနီးစာဖတ်ခြင်းနှင့် အနီးအလုပ်လုပ်ခြင်းများအတွက် ကြည်လင်စေရန် မျက်မှန်တပ်ဆင်ရမည် ဖြစ်ပါသည်။

သို့ပါသော်လည်း အနီးစာဖတ်ခြင်းအတွက်ပါ မျက်မှန်မတပ်ဆင်လိုသူများအတွက် အကွာအဝေးအစုံကို ချိန်ညှိပေးနိုင်သည့် မျက်စိအတွင်းထည့် မှန်ဘီလူး (multifocal lens implant)များကို အစားထိုးထည့်ပေးခြင်းဖြင့် မိမိလိုအပ်သော အကွာအဝေးမျိုးစုံကို မျက်မှန်တပ်စရာမလိုပဲ ကောင်းစွာမြင်နိုင် မည် ဖြစ်ပါသည်။

A multifocal lens has multiple built-in rings for focussing on different distances.

A multifocal lens has multiple built-in rings for focussing on different distances.

မျက်စိမျက်နှာပြင်အခုံးအခွက် မညီသောကြောင့် ဖြစ်လာသောပါဝါ (တစ်နည်း) စလင်ဒါပါဝါများရှိသော သူများအတွက်လည်း အထူးပြုလုပ်ထားသည့် မှန်ဘီဘူး (Toric lens implant) ထည့်ခြင်းဖြင့် ခွဲစိတ်ပြီးနောက် မျက်မှန်တပ်ဆင်ရန် လိုအပ်မှုကိုလျှော့ချပေးနိုင်ပါသည်။

A toric lens implant cancels out pre-existing astigmatism of the eye.

A toric lens implant cancels out pre-existing astigmatism of the eye.

သင်၏မျက်လုံးအတွက် မည်သူမှန်ဘီလူးအမျိုးအစားက အကောင်းဆုံးဖြစ်မည်ဆိုသည်ကို သင်၏ မျက်စိအသုံးပြုရန် လိုအပ်ချက်၊ အလုပ်အကိုင်အခြေအနေနှင့် မခွဲစိတ်မှီ မျက်စိအခြေအနေများပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချရမည် ဖြစ်ပါသည်။

အတွင်းတိမ်ခွဲစိတ်ခြင်းနှင့် ပတ်သက်၍ မေးမြန်းချက်များ

အတွင်းတိမ်ခွဲစိတ်ပြီးနောက်တွင် ပုံမှန်ပြုလုပ်နေကြ အလုပ်များဖြစ်သော တီဗွီကြည့်ခြင်း၊ စာဖတ်ခြင်း၊ အိမ်အလုပ်များလုပ်ခြင်း၊ ထမင်းဟင်းချက်ပြုတ်ခြင်းများနှင့် အောက်သို့ငုံ့ခြင်းများကိုပြုလုပ်၍ ရမရသိချင်ပါ သည်။
အတွင်းတိမ်ခွဲစိတ်ပြီးလျှင် မည်သည့်အစားစာများကို ရှောင်ကြဉ်ရမည်နည်း။ ပုံမှန်သောက်သုံးနေကြ ဆေးဝါးများ (သွေးကျဆေး၊ နှလုံးဆေးစသည့်)အား ပြန်လည်သောက်သုံးရန်သင့်ပြီလား?
အတွင်းတိမ်ခွဲစိတ်ပြီး၍ လအနည်းငယ် (သို့) နှစ်အနည်းငယ်ကြာလျှင် အမြင်အာရုံပြန်လည် ၀ါးသွား တတ်သည်ဟု ပြောကြပါသည်။ ထိုသို့ဖြစ်ခြင်းမှာ အတွင်းတိမ်ရောဂါ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်ပါသလား?
Open chat