အဝေးမှုန်ခြင်း
ပြင်ပမှ မျက်လုံးထဲသို့ ၀င်လာသော အလင်းတန်းများသည် မျက်လုံးအတွင်းရှိ မြင်လွှာ၏ဆုံချက်နေရာတွင် ကျရောက်ကာရှင်းလင်း ပြတ်သားသော ပုံရိပ်ကိုဖြစ်ပေါ်စေ ပါသည်။
အဝေးမှုန်သော သူများ၏ မျက်လုံး အရွယ်အစားသည် ယေဘူယျအားဖြင့် သာမာန်လူများထက် ကြီးမားတတ်ကြသည်။ ထို့ကြောင့် ၀င်လာသော အလင်းတန်းများ၏ ဆုံမှတ်သည် မြင်လွှာဆုံချက်၏ အရှေ့တွင်ကျရောက်ကာ ပုံရိပ်များမှာလည်း ကြည်လင်မှုမရှိပေ။ မျက်မှန်(သို့မဟုတ်) မျက်ကပ်မှန်များ၏ အကူအညီဖြင့်သာ ပုံရိပ်များကို မြင်လွှာဆုံချက်ပေါ်သို့ ကျရောက်အောင် ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် အဝေးမှုန်သူများသည် မျက်မှန်(သို့) မျက်ကပ်မှန် မတပ်ပါက အမြင်မှာေ၀၀ါးနေမည်သာဖြစ်သည်။
အဝေးမှုန်သူများသည် မျက်မှန်အထူ တပ်ဆင်ရန် လိုအပ်သည့်အပြင် အခြားသော မျက်စိရောဂါများ ဥပမာ အမြင်လွှာပြဲခြင်း၊ အမြင်လွှာကွာခြင်းနှင့် အသက်ငယ်ရွယ်စဉ်မှာပင် အမြင်လွှာဆွေးခြင်း စသည့်ရောဂါများလည်း ဖြစ်တတ်ပါသည်။ ထိုရောဂါများကြောင့် အမြင်လုံးဝဆုံးရှုံး သွားသည်အထိ ဖြစ်တတ်ပါသည်။ ထို့အပြင် အဝေးမှုန်သူများတွင် ရေတိမ်ရောဂါဖြစ်ခြင်း ၊ အသက်ငယ်ရွယ်စဉ်မှာပင် အတွင်းတိမ်ရောဂါဖြစ်ခြင်း နှင့် မျက်လုံးအတွင်းရှိ (Vitreous) ဂျယ်လီအရည်များ အချိန်မတိုင်ခင် အရည်ပျော်ခြင်းတို့ ဖြစ်တတ်ပါသည်။
လေဆာဖြင့် မျက်စိပါဝါဖျောက်ခြင်းစသည့် ကုထုံးဖြင့် အဝေးမှုန်သူများကို ကုသနိုင်ပါသည်။ ထိုသို့ ကုသပြီး ပါက မျက်မှန် (သို့မဟုတ်) မျက်ကပ်မှန် တပ်ဆင်စရာ မလိုဘဲ ပုံရိပ်များကို ကြည်လင်စွာ မြင်နိုင်ပါသည်။ သို့သော်လေဆာဖြင့် ကုသခြင်းသည် မျက်စိအဝေးမှုန် ပါဝါကိုသာ ကုသခြင်း ဖြစ်ပြီးမျက်လုံးအရွယ်အစား ကြီးမားမှုကို မကုသနိုင်ပါ။
အဝေးမှုန်သောသူများသည် အာရှတိုက်သားများတွင် အဖြစ်များလေ့ရှိပြီး ယခုအခါ ငယ်ရွယ်သူများတွင် Atropine မျက်စဉ်းပေးခြင်းဖြင့် အဝေးမှုန်ပါဝါကို ကုသနိုင်ပါသည်။