အသက်ကြီး၍အမြင်လွှာ ဆွေးမြေ့ပျက်စီးယိုယွင်းခြင်း (AMD) ဆိုသည်မှာ အသက် (၅၀)ကျော်လာသူများတွင် ဖြစ်သော မြင်ကွင်း၏အလယ်ဗဟိုတွင် အမြင်အားကျခြင်း (သို့မဟုတ်) အမြင်အားဆုံးရှုံးလာခြင်း ဖြစ်သည်။ ကမ္ဘ္ဘာပေါ်တွင် အဖြစ်အများဆုံးသော အမြင်အားဆုံးရှုံးစေနိုင်သည့် အကြောင်းအရာများတွင်တစ်ခု အပါအ၀င် ဖြစ်ပေသည်။ သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်ရောက်လျှင် အသက်ကြီး၍အမြင်လွှာ ပျက်စီးယိုယွင်းခြင်း ရောဂါသည် လူသန်းပေါင်း ၁၉၆ သန်းခန့်အထိ ဖြစ်ပွားနိုင်သည် ဟုခန့်မှန်းထားကြသည်။ ဤရောဂါသည် အလယ်မြင်ကွင်းကွယ်ခြင်း (သို့မဟုတ်) အမြင်အားကျခြင်းကို ဖြစ်ပေါ်စေနိုင်သော်လည်း ထာဝရအမြင်ကွယ်ခြင်းလည်း ဘေးမြင်ကွင်းမှာ အကောင်းအတိုင်း ကျန်ရှိနေလေ့ရှိသောကြောင့် လုံးဝအမှောင်ဖုံး၍ လူတွဲရသည်အထိ အမြင်ကွယ်ခြင်းမျိုးတော့ ဖြစ်လေ့မရှိပါ။

ရောဂါဖြစ်ပွားနိုင်ချေများစေသည့်အချက်များ

အသက်အရွယ်ကြီးခြင်း၊ အမျိုးသမီးဖြစ်ခြင်း၊ ရောဂါမျိုးရိုးဗီဇပါခြင်းတို့ ဖြစ်ပေသည်။ ထို့အပြင် ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်း၊ အဟာရပြည့်ဝသော အစားအစာစားသုံးမှု နည်းခြင်းတို့လည်းပါဝင်သည်။

အကယ်၍ မျက်စိတစ်ဘက်တွင် ၄င်းရောဂါဖြစ်ပွားခဲ့ပါက အခြားတစ်ဘက်တွင်လည်း  ရောဂါဖြစ်နိုင်ချေများသည်။ ရောဂါမျိုးခွဲ နှစ်မျိုးရှိပါသည်။

  • အမြင်လွှာလုံးပါးပါး ခြင်းကြောင့်ဖြစ်ပေါ်သော (AMD) ရောဂါ အခြောက်ဆွေးမြေ့ခြင်း (Dry AMD) နှင့်
  • အမြင်လွှာလုံးပါးပါး ခြင်း အပြင် ပုံမှန် မဟုတ်သော သွေးကြောများ ဖြစ်ပေါ်ခြင်း နှင့် ထို သွေးကြောများမှ အရည်စိမ့်ခြင်း တို့ဖြစ်သော AMD ရောဂါ အစိုဆွေးမြေ့ခြင်း (Wet AMD) တို့ဖြစ်သည်။

Abnormal yellow deposits at the macula in dry Age-Related Macular Degeneration.

အခြောက်ဆွေးမြေ့ခြင်း (Dry AMD)

အသက်(၅၀)ကျော်သူများတွင် အဖြစ်များသည်။ သို့သော် အရာဝတ္ထုများကို ကြည့်လျှင် တွန့်ခြင်း၊ အလယ်မြင်ကွင်း အမြင်အားကျခြင်း (သို့မဟုတ်) အလယ်မြင်ကွင်းကွယ်ခြင်း စသည့် ရောဂါ လက္ခဏာများမှာ Wet AMD လောက်မဆိုးရွားပေ။ (၉၀)ရာခိုင်နှုန်းသော AMD ရောဂါသည် Dry AMD ကြောင့်ဖြစ်သည်။

Extensive bleeding at the macula in wet Age-Related Macular Degeneration.

အစိုဆွေးမြေ့ခြင်း (Wet AMD)

ရောဂါလက္ခဏာများမှာ Dry AMD နှင့်ဆင်တူသော်လည်း မျဉ်းများတွန့်ခြင်း၊ အမြင်အာရုံကျဆင်းခြင်း ကို လျင်မြန်ဆိုးရွားစွာ ခံစားရပါသည်။ အချိန်မီ ကုသမှုမခံယူပါက အလယ်မြင်ကွင်း ထာဝရကွယ်သွား သည်အထိဆိုးရွားနိုင်ပါသည်။

ရောဂါကုထုံးများ

(၁) Dry AMD

ဆေးလိပ်ဖြတ်ခြင်း၊ မျက်စိကို အချိန်ကြာမြင့်စွာ နေရောင်ခြည် ထိတွေ့မှုမှ ကာကွယ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်းကဲ့သို့ လူနေမှုပုံစံ ပြောင်းလဲခြင်း၊ ဆန့်ကျင်ဓါတ်တိုးပစ္စည်း (Anti-oxidant) ပါဝင်မှုနှုန်းများသော အစားအစာများ (ဥပမာ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်) စားသုံးခြင်း၊ Omaga 3 ပါဝင်မှုနှုန်းများသော ငါးများ (ဥပမာ ငါးသေတ္တာငါး၊ ဆော်လမွန်ငါး) စားသုံးခြင်း၊ Lutein နှင့် Zeaxanthin ပါဝင်သော ဗိုက်တာမင် အားဆေးများစားသုံးခြင်းဖြင့် ရောဂါဖြစ်ပွားနှုန်းကို လျော့ချနိုင်ပြီး ကာကွယ်နိုင်ပါသည်။

(၂) Wet AMD

Intravitreal injection therapy into the eye using a very tiny needle for wet Age-Related Macular Degeneration treatment.အကောင်းဆုံးသော ကုထုံးမှာ အလွန်သေးငယ်သောအပ်ဖြင့် မျက်စိအတွင်းသို့ ပုံမှန်မဟုတ်သော သွေးကြောများ ဖြစ်ပေါ်စေသည့် ဓါတ်ကိုတားဆီးပေးသော ဆေး  (Anti-VEGF) ထိုး၍ကုသခြင်းဖြစ်သည်။ ဆေးထိုးကုသခြင်းမှာ ရောဂါအခြေအနေပေါ် မူတည်၍ ဆေးထိုးရမည့် အကြိမ် အရည်အတွက် အနည်းအများ ကွာခြားမှုရှိသည်။ အချို့လူနာများတွင် ရောဂါ အခြေအနေပေါ် မူတည်၍ ဆေးထိုးကုသခြင်း အပြင်လေဆာဖြင့် ကုသမှုပါလို အပ်ပါသည်။

AMD ရောဂါနှင့်ပတ်သတ် မေးလေ့ရှိသော မေးခွန်းများ

မြင်ကွင်းအလယ်ကိုစမ်းသပ်သောကဒ်ပြား (Amsler chart)ကို အသုံးပြု၍ မိမိရောဂါ အခြေအနေကို ဆန်းစစ်နိုင်သည် ဟုကြားဖူးပါသည်။ ဟုတ်ပါသလား။
AMD ရောဂါနှင့်ပတ်သက် ဗိုက်တာမင်သောက်ဆေးများ ရှိသည်ဟု ကြားဖူးပါသည်။ မည်ကဲ့သို့ သောက်သုံးသင့်ပါသလဲ။
Wet AMD ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်ပါသလား။
Open chat