ခွဲစိတ်ခြင်းဆိုသည်မှာ မျက်စိနောက်ခန်းနှင့်သက်ဆိုင်သော ရောဂါအမျိုးမျိုးအတွက်  vitreo-retinal surgeonမှအသေးစိတ်ခွဲစိတ်ကုသခြင်း ကိုခေါ်ပါသည်။မျက်စိနောက်ခန်းနှင့်သက်ဆိုင်သော ရောဂါများမှာ အမြင်လွှာကွာခြင်း ( Retinal Detachment)  ၊ ဆီးချိုရောဂါကြောင့်အမြင်လွှာပျက်စီးခြင်း (Advanced Diabetic Eye Deseases)   ၊ အမြင်လွှာပေါ်တွင် အမြှေးပါးတက်ခြင်း  ( Epiretinal Membrane) ၊ အမြင်လွှာ အလယ်ရှိ ( Macular Hole) စာဖတ်လျှင် သုံးသည့်နေရာ (Macula) ပေါက်ခြင်း နှင့် (Complicated Cararacts)  ပုံမှန် မဟုတ်သည့် ခက်ခဲသော အတွင်းတိမ် ခွဲစိတ်ခြင်း တို့ ဖြစ်သည်။ရောဂါအခြေအနေ ပေါ်မူတည်၍ ခွဲစိတ်မှုကို မေ့ဆေး သို့ မဟုတ် ထုံဆေးဖြင့်ပြုလုပ်နိုင်သည်။ထုံဆေးဖြင့်ခွဲစိတ်ပါက ခွဲစိတ် နေစဉ် သင်သည်သတိရှိနေမည် ဖြစ်ပြီးထုံဆေးနှင့်အိပ်ဆေးအာနိသင်ကြောင့်နာကျင်မှုမခံစားရပဲ အိပ်ချင်နေသယောင်ဖြစ်နေပါမည်။မေ့ဆေးဖြင့်ခွဲစိတ်ပါက ခွဲစိတ်စဉ်တစ်လျှောက်လုံး သတိမရှိပဲ အိပ်ပျော်နေမည်ဖြစ်ပါသည်။ခွဲစိတ်ပြီး အိမ်ပြန်နားလိုပါက ပြန်နိုင်ပါသည်။အကယ်၍ ဆေးရုံတွင် တစ်ည အိပ်တက်နိုင်ပါသည်။

မျက်စိအနောက်ခန်းခွဲစိတ်မှု ပြုလုပ်ပုံ

Sclera  ဟုခေါ်သော မျက်ဖြူသားပေါ်တွင် အလွန်သေးငယ်သော အပေါက်သေးလေးများဖောက်ကာထိုအပေါက်လေးများမှတဆင့်သေးငယ်သော ခွဲစိတ်ကိရိယာလေးများထည့်၍ ခွဲစိတ်ပါသည်။ Vitreous ဟုခေါ်သော စေးကပ်သည့်ဂျယ်လီရည် များကိုအမြင်လွှာမျက်နှာပြင်မှ ရှင်းထုတ်ရပါသည်။

ထိုဂျယ်လီများကိုရှင်းထုတ်ပြီးပါကမျက်စိအတွင်းမှသဘာဝအတိုင်း အရည်ကြည်များထွက်ကာပုံမှန်အနေအထား

အတိုင်းပြန်ဖြစ်သွားပါမည်။

ခွဲစိတ်သည့်အပေါက်လေးများမှာအလွန်သေးငယ်သဖြင့် တခါတရံပြန်ချုပ်မလိုတတ် ပေ။

ထို့ ကြောင့် ခွဲစိတ်ပြီးခုလုခုလု ဖြစ်ခြင်းကိုသက်သာစေပြီး အနာကျက်နှုန်းမြန်ဆန်ပါသည်။

နောက်ဆုံးပေါ် နည်းပညာဖြင့် မျက်စိ နောက်ခန်း၊ အမြင်လွှာ ကုသမှု ပြုလုပ်ပုံ

နောက်ဆုံးပေါ် နည်းပညာဖြင့် မျက်စိ နောက်ခန်း၊ အမြင်လွှာ ကုသမှု ပြုလုပ်ပုံ

ဂျယ်လီများရှင်းထုတ်ပြီးပါက အမြင်လွှာပေါ်ရှိအမြှေးပါးခွာခြင်း (Membrane peeling)၊ လေဆာပစ်ခြင်း (Laser) ၊ အမြင်လွှာကိုအအေးဓာတ်ပေး၍ ခဲအောင်ပြုလုပ်ခြင်း (Cryotherapy) ၊ နှင့်အမြင်လွှာကိုပြန်ကပ်အောင်ပြုလုပ်ခြင်း

တို့ ကိုလိုအပ်သလို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ခွဲစိတ်မှုအဆုံး၌ မျက်လုံးအတွင်းသို့  ဆီလီကွန်ဆီ (Silicon Oil ) သို့ မဟုတ် ဓာတ်ငွေ့  ( Gas ) သို့ မဟုတ် လေ (Air) သို့ မဟုတ် ဆားရည် (Salt Solution) ဖြည့်ရပါမည်။  အကယ်၍ဓာတ်ငွေ့ ( Gas )  ထည့်ခဲ့ပါက ထို Gas  သည် နှစ်လ အတွင်းတဖြည်းဖြည်း ထွက်သွား ကာမျက်လုံးမှာ သဘာဝအတိုင်းအရည်များဖြင့် ပြန်လည်ပြည့်လာမည်ဖြစ်ပါသည်။

ဆီလီကွန်ဆီ ( Silicon Oil ) ထည့်ခဲ့ပါက နောင်တစ်ချိန်တွင် ထိုအဆီကိုခွဲစိတ်၍ပြန်ထုတ်ရန်လိုအပ်ပါသည် ။

ခွဲစိတ်ပြီးနောက် မျက်စိပုံမှန်အနေအထားပြန်ရောက်ရန်မှာ ရက်သတ္တပတ်အနည်းငယ်ကြာမြင့်မည်ဖြစ်သည်။သေးငယ်သောအပေါက်လေးများဖောက်ကာ ချုပ်ရိုးမဲ့ ခွဲစိတ်ခြင်းကြောင့် ခွဲစိတ်ပြီးမျက်စိနာကျင်မှုများကိုလျော့နည်းစေပြီးအနာကျက်နှုန်းကိုပိုမိုမြန်ဆန်စေပါသည်။ ရောဂါဖြစ်သည်နှင့် တပြိုင် နက် စောစီးစွာ ကုသမှုခံယူနိုင်ပါကမျက်စိအနောက်ခန်းခွဲစိတ်မှုများ ၏ရလဒ်မှာ အလွန်ကောင်းပါသည်။

ခွဲစိတ်မှုနှင့် ပက်သက်သည့် အမေးအဖြေများ

မျက်စိအနောက်ပိုင်းခွဲစိတ်ပြီးနောက် ဆရာဝန် မှာကြားသည့်အတိုင်းဦးခေါင်းပုံစံအနေအထားနှင့် နေရန်ဘာ့ကြောင့် လိုအပ်ပါ သနည်း  ?
ခွဲစိတ်ပြီးနောက်လေယာဉ်ဖြင့်ခရီးသွားရန် သင့်တော်ပါသလား ?
Open chat