အမြင်လွှာကွာခြင်းအတွက်အခြားကုသနည်းတစ်မျိုးမှာ မေ့ဆေး(သို့ ) ထုံဆေးပေးကာမျက်လုံးအပြင်မှဆီလီကွန်ခါးပတ် ပတ်ခြင်းဖြစ်သည်။ ထုံဆေးဖြင့် ခွဲစိတ်ပါက ခွဲစိတ်စဉ်သတိရှိရမည်ဖြစ်ပြီးအိပ်ဆေးအရှိန်ကြောင့်နာကျင်မှုမရှိပဲ အိပ်ချင်နေသယောင်ဖြစ်ပါသည်။

မေ့ဆေးဖြင့်ပြုလုပ်ပါက ခွဲစိတ်နေစဉ် တလျှောက်လုံးသင်သည်လုံးဝသတိမရှိပဲအိပ်ပျော်နေမည်ဖြစ်ပါသည်။ ခွဲစိတ်ပြီးနောက်အိမ်ပြန်နားလိုက နားနိုင်ပါသည်။အကယ်၍ဆေးရုံတွင်နေလိုပါက ဆေးရုံတစ်ည တက်နိုင်ပါသည်။

ခွဲစိတ်ပုံမှာ ဆီလီကွန်ခါးပတ် ကိုမျက်စိဘေးပတ်လည်ရှိကြွက်သားများအောက်တွင်ညှပ်ကာမျက်လုံးအပေါ်သား (Sclera) နှင့်ကပ်၍ချုပ်ရပါသည်။အမြင်လွှာကွာသည့်မျက်လုံးတွင် ဆီလီကွန်ခါးပတ်ကိုအမြင်လွှာအပေါ်ရှိအပေါက်အပြဲနေရာနှင့်ကိုက်ကာ ချုပ်ခြင်းဖြင့်အမြင်လွှာပြန်ကပ်အောင် ပြုလုပ်ရပါမည်။ထို့ နောက်ထိုဘေးပတ်လည်ကို လေဆာပစ်၍သော်လည်းကောင်း(Cryotherapy ) အေးခဲ အောင်ပြု၍သော်လည်းကောင်း အပေါက်ကို ပိတ်အောင်ပြုလုပ်ရပါမည်။

ခွဲစိတ်ပြီးနောက် အနာကျက်ပြီး ပြန်လည်သက်သာလာအောင် ရက်သတ္တပတ် အနည်းငယ်ကြာတတ်ပါသည်။အကယ်၍အမြင်လွှာကွာသည်ကိုစောစီးစွာ သိရှိကုသနိုင်ပါက ဆီလီကွန်ခါးပတ်ပတ် ခြင်း၏ အောင်မြင်မှုရလဒ်မှာအလွန်ကောင်းပါသည်။

အမြင်လွှာကွာခြင်းကို မျက်စိအပြင်မှ ဆီလီကွန် ခါးပတ်ပတ်ခြင်းဖြင့် ကုသမှု ပြုလုပ်ထားပုံ

အမြင်လွှာကွာခြင်းကို မျက်စိအပြင်မှ ဆီလီကွန် ခါးပတ်ပတ်ခြင်းဖြင့် ကုသမှု ပြုလုပ်ထားပုံ

Open chat