အမြင်လွှာပြဲခြင်း၊ ဆီးချိုကြောင့်ဖြစ်သောအမြင်လွှာရောဂါနှင့် အသက်ကြီး၍အမြင်လွှာဆွေးသည့်ရောဂါ အစရှိသည့် အမြင်လွှာရောဂါအများစုကိုလေဆာဖြင့်ကုသနိုင်ပါသည်။ လေဆာကုသမှုအတွက် ဆေးရုံတက်ရန်မလိုပါ။

လေဆာဖြင့် ကုသမှုခံယူနေပုံ

လေဆာဖြင့် ကုသမှုခံယူနေပုံ

လေဆာကုသခြင်း (၂) မျိုးရှိပါသည်။Hot Laser (အပူဖြင့် မီးရှို၍ကုသည့်လေဆာ) နှင့်Cold Laser(ရောဂါဖြစ်သောအစိတ်အပိုင်းကိုသာကွက်၍ညင်ညင်သာသာကုသည့်လေဆာ) တို့ဖြစ်ပါသည်။ Photodynamic Therapyဟုလည်းခေါ်ပါသည်။

Hot Laser(အပူဖြင့် မီးရှို့၍ကုသည့်လေဆာ)

အမြင်လွှာပြဲခြင်း

ဆီးချိုကြောင့်ဖြစ်သောအမြင်လွှာရောဂါနှင့် အသက်ကြီး၍အမြင်လွှာဆွေးသည့် ရောဂါများကိုHot Laserဖြင့်ကုသနိုင်ပါသည်။

အမြင်လွှာပြဲသည့် ရောဂါတွင် နောင်တစ်ချိန်၌အမြင်လွှာမကွာစေရန် အတွက်လေဆာပစ်ရပါသည်။ လေဆာကိုပြဲနေသည့် အပေါက်၏ နှုတ်ခမ်းသားပတ်ပတ်လည်ကိုပစ်ပြီး ထိုနေရာတ၀ိုက်ကို အမာရွတ်ဖြစ်အောင် ဖန်တီး၍အပေါက်ကိုပိတ်ခြင်း ဖြစ်သည်။ ဆီးချိုကြောင့်ဖြစ်သည့် အမြင်လွှာရောဂါနှင့် အမြင်လွှာဆွေးသည့် ရောဂါများတွင် ရောဂါဖြစ်နေသော ပုံမှန်မဟုတ်သည့် အစိတ်အပိုင်းကိုလေဆာပစ်၍ဖျက်ဆီလိုက်ခြင်း ဖြစ်သည်။

ယခင်အခါကHot Laser Treatmentဖြင့်ကုသပါကအချိန်ကြာမြင့်သည့် အတွက်အချိန်ကုန် လူပင်ပန်း ဖြစ်ရပါသည်။ သို့သော်ယခုအခါတွင် ခေတ်မှီ Auto Laserစက်ဖြင့် အချိန်တိုတို၊ လူသက်သက်သာသာ၊ ဘေးထွက်ဆိုးကျိုးနဲနဲဖြင့် ကုသနိုင်ပြီ ဖြစ်ပါသည်။ ယခင်စက်များနှင့် မတူသည်မှာထိုစက်သစ်ကြီးများသည် တစ်ချက်ပစ်ပါကလေဆာအချက် များစွာထွက်သဖြင့် ကုသမှုကိုအချိန်တိုတိုနှင့် ထိထိရောက်ရောက် ရရှိနိုင်မည် ဖြစ်ပါသည်။

“Scanning Laser System” ဆိုသည်မှာ အချိန်တိုအတွင်း တစ်ထိုင်တည်းဖြင့် လေဆာအချက်ပေါင်းများစွာ ပစ်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် လူနာအနေနှင့် သက်တောင့်သက်သာ ရှိပြီးကုသမှုကိုလည်း အလွန်ထိရောက်စေပါသည်။

“Scanning Laser System” ဆိုသည်မှာ အချိန်တိုအတွင်း တစ်ထိုင်တည်းဖြင့် လေဆာအချက်ပေါင်းများစွာ ပစ်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် လူနာအနေနှင့် သက်တောင့်သက်သာ ရှိပြီးကုသမှုကိုလည်း အလွန်ထိရောက်စေပါသည်။

U ပုံအမြင်လွှာ ပြဲစုပ်ခြင်းနှင့် လေဆာနှင့် ကုသပြီးပုံ

U ပုံအမြင်လွှာ ပြဲစုပ်ခြင်းနှင့် လေဆာနှင့် ကုသပြီးပုံ

Cold Laser (Phytodynamic Therapy, PDT)

အကယ်၍ရောဂါဖြစ်နေသောနေရာသည် အမြင်လွှာပေါ်ရှိစာဖတ်လျှင်သုံးသည့် (Macula)ဟုခေါ်သောနေရာတွင် ဖြစ်နေပါကHot Laserအစား၊ Cold Laserကိုသုံးရပါသည်။ Cold Laserသည် Hot Laserထက်ပိုမိုညင်သာပြီးMacula ကဲ့သို့နူးညံ့သည့် နေရာကိုကုသရန်အတွက် ပိုမိုသင့်လျော်ပါသည်။

Cold Laser (PDT)ဖြင့်ကုသရာတွင် လက်မောင်း (သို့) လက်ဖျံသွေးကြောထဲသို့ (Photosensitive dye)ရောင်ခြယ်ပါသောဆေးအရင်သွင်းရပါမည်။ ထို့နောက် Cold Laserသည် ထိုဆေးအရောင်စွန်းသွားသောမကောင်းသည့် အစိတ်အပိုင်းကိုသာကွက်၍ဖျက်ဆီးလိုက်ဖြင့် ဘေးရှိကောင်းသည့် အစိတ်အပိုင်းများမှာLaserဒဏ်မထိနိုင်တော့ပေ။

ထိုကုသမှုအတွက် ဆေးရုံတက်ရန် မလိုပါ။ သို့သော် ခန္ဓာကိုယ်တွင်းသို့ ထိုးထားသောဆေးသည် နေရောင်နှင့်ဓါတ်ပြုတတ်၍ ဆေးကုသမှုခံယူပြီးနောက် ရက်အနည်းငယ်အတွင်း ပူပြင်းသောနေရောင်နှင့် ထိတွေ့မှုကို ရှောင်ရမည်ဖြစ်ပါသည်။

Open chat