ERM ဆိုသည်မှာ မျက်စိအမြင်လွှာရှိ အသေးစိတ်ကြည့်လျှင်သုံးသည့် နေရာ (Macula) ပေါ်တွင် အမြှေးပါးဖုံးခြင်း ဖြစ်သည်။ ၎င်းရောဂါသည် အဖြစ်များသော ရောဂါဖြစ်၍ အသက်ကြီးသော သူများတွင် အခြားအကြောင်း အရာများမရှိဘဲ ဖြစ်ပွားလေ့ရှိသည်။ ထို့အပြင် အခြားသောရောဂါ အခြေအနေများဖြစ်သည့် ဆီးချိုကြောင့် မျက်စိအမြင်လွှာထိခြင်း၊ မျက်စိအမြင်လွှာရှိ သွေးကြောပိတ်ခြင်း၊ မျက်စိအမြင်လွှာ ဆွေးခြင်း၊ ယခင်က မျက်စိအားထိခိုက်ဒဏ်ရာ ဖြစ်ဖူးခြင်း အစရှိသော ရောဂါများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။

ထိုအမြှေးပါးကြောင့် မျက်စိအမြင်လွှာရှိ Macula နေရာအား ဆွဲခြင်း၊ ကျုံ့ခြင်း၊ ရောင်လာခြင်းများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုအခါ မျက်စိအမြင်ဝါးခြင်း၊ မြင်ကွင်းရှိ အရာဝတ္တုများတွန့်ခြင်း၊ အရာဝတ္ထုအရွယ်များမှာ ပုံမှန်ထက်ကြီးနေခြင်းများ ဖြစ်ပေါ်လာမည်။

macula အပေါ်တွင် အမြှေးပါး ဖုံးအုပ်ခြင်းကြောင့် အမြင်မှုန်ဝါးခြင်း၊ အရာဝတ္တုများကိုကြည့်လျှင် တွန့်ခေါက် နေတတ်သည်။

macula အပေါ်တွင် အမြှေးပါး ဖုံးအုပ်ခြင်းကြောင့် အမြင်မှုန်ဝါးခြင်း၊ အရာဝတ္တုများကိုကြည့်လျှင် တွန့်ခေါက် နေတတ်သည်။

ထိုအမြှေးပါးကြောင့် macula ရောင်ရမ်းတတ်ပါသည်။

ထိုအမြှေးပါးကြောင့် macula ရောင်ရမ်းတတ်ပါသည်။

ကုသမှု

မိမိ၏နေ့စဉ် ပုံမှုန်လှုပ်ရှားသွားလာမှုနှင့် အလုပ်အကိုင်အား ထိခိုက်သည်အထိ အမြင်အာရုံဆိုးရွားလာပါက ခွဲစိတ်မှု ခံယူရန် လိုအပ်သည်။ ထိုသို့ ခွဲစိတ်မှုခံယူရာတွင်လည်း အမြှေးပါးကြောင့် Macula နေရာ၌ အမာရွတ်နှင့် ဒဏ်မဖြစ်ပေါ်မီ ခွဲစိတ်မှသာ အောင်မြင်မှုရရှိ နိုင်ပါသည်။

အမေးများသော မေးခွန်းများ

မေး -  အမြင်လွှာ၌ အမြှေးပါးလွှာဖုံးသော ရောဂါအတွက် မည်သည့် အချိန်တွင် ခွဲစိတ်မှုခံယူသင့်ပါသနည်း။
မေး - အမြင်လွှာအမြှေးပါးလွှာဖုံးအုပ်ခြင်းအား ခွဲစိတ်ကုသမှုအစား အခြားသော သောက်ဆေး၊ မျက်စဉ်းများဖြင့် ကုသနိုင်ပါသလား။
Open chat