ရေတိမ်ရောဂါဆိုသည်မှာ မျက်စိအာရုံကြောပျက်စီးကာ အမြင်အာရုံဆုံးရှုံးစေသော ရောဂါများဖြစ်သည်။

မျက်စိအာရုံကြောသည် မျက်စိမှ ဦးနှောက်သို့  အမြင်ပုံရိပ်များ ပို့ ဆောင်ပေးသော အရာဖြစ်ပြီး ၄င်းအာရုံကြောပျက်စီးပါက ဦးနှောက်တွင် ပုံရိပ်များ ကောင်းစွာမပေါ်နိုင်ဘဲ အမြင်တစတစေ၀၀ါးလာပါသည်။ ရေတိမ်ရောဂါကို ကုသမှုမခံယူပါက အမြင်အာရုံ လုံးဝဆုံးရှုံးသွားတတ်ပါသည်။

ရေတိမ်ရောဂါရှိသူများသည် ရောဂါဖြစ်စတွင်  အလယ်မြင်ကွင်းကို မထိခိုက် ဘဲ ဘေးမြင်ကွင်းကိုသာ ထိခိုက်သောကြောင့် မည်သည့်လက္ခဏာမှ မပြတတ်ပေ။  သို့ သော် ရေတိမ်ကြောင့် ပျက်စီးသွားသော မြင်ကွင်းကို ဘယ်တော့မှ ပြန်မရနိုင်တော့ပေ။

ရေတိမ်အမျိုးမျိုး

ရေတိမ်တွင် ရုတ်တရတ် ဖြစ်သောရေတိမ် နှင့် တဖြည်းဖြည်းဖြစ်သော ရေတိမ်ဟူ၍ (၂)မျိုး ရှိပါသည်။

ရုတ်တရတ်ဖြစ်သော ရေတိမ်တွင် မျက်စိအတွင်းရှိ ရေထွက်ပေါက်များ ရုတ်တရတ် ပိတ်ကာ မျက်စိရေချိန် မြန်မြန်တက်လာပါသည်။ ထိုအခါ ခေါင်းကိုက်ခြင်း ၊ ပျို့ အန်ခြင်း ၊ မျက်စိအရမ်းကိုက်ခြင်း ၊ အမြင်ေ၀၀ါးခြင်း တို့  ဖြစ်လာကာ မျက်စိအာရုံကြော ပျက်စီးစေပါသည်။

မျက်စိနှင့် ဦးနှောက်ကိုဆက်သွယ်ထားသော မျက်စိအမြင်အာရုံကြောမကြီး ပျက်စီးခြင်းကြောင့် အမြင်ဆုံးရှုံးမှုဖြစ်ပေါ်ပါက ကုသ၍ မရနိုင်ပါ။

မျက်စိနှင့် ဦးနှောက်ကိုဆက်သွယ်ထားသော မျက်စိအမြင်အာရုံကြောမကြီး ပျက်စီးခြင်းကြောင့် အမြင်ဆုံးရှုံးမှုဖြစ်ပေါ်ပါက ကုသ၍ မရနိုင်ပါ။

တွင် မျက်စိရေချိန်မှာ တဖြည်းဖြည်းချင်း များလာခြင်းကြောင့် ရောဂါလက္ခဏာမပြပေ။ မျက်စိအာရုံကြောကိုလည်း တဖြည်းဖြည်းချင်း လှိုက်စားလာခြင်းကြောင့် ပထမဦးစွာ ဘေးမြင်ကွင်းကို ထိခိုက်ကာ အလယ်မြင်ကွင်းကို ထိခိုက်လာချိန်မှသာ လူနာမှ သတိထားမိပေမည်။ ရေတိမ်ရှိမှန်း သိသည့်အချိန်တွင်မူ ရောဂါကျွမ်းနေပေမည်။

The peripheral visual field gradually becomes narrower in chronic glaucoma, often without the individual realizing. Eventually vision is completely and permanently lost.

တဖြည်းဖြည်းဖြစ်သော ရေတိမ်ရောဂါတွင် လူနာမှ သတိမထားမိဘဲ ဘေးမြင်ကွင်းတဖြည်းဖြည်းကျဉ်းလာကာ နောက်ဆုံးအမြင်ဆုံးရှုံးသွားပုံ

မည်သူတွေတွင် ရေတိမ်အဖြစ်များသနည်း။

ရေတိမ်ရောဂါကို သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းတွင် အဖြစ်များပြီး မျိုးရိုးလည်းလိုက်ပါသည်။ ဆိုလိုသည်မှာ မိမိမိသားစုထဲတွင် ရေတိမ်ရောဂါရှိသူများ ရှိပါက မိမိတွင်လည်း ရေတိမ်ရှိုနိုင်ချေပိုများသောကြောင့် စောစီးစွာ မျက်စိစစ်ဆေးစမ်းသပ်ကုသမှုခံယူသင့်ပါသည်။

ဆေးကုသခြင်း

ရေတိမ်ရောဂါကို မျက်စဉ်းဖြင့် ထိရောက်စွာ ထိန်းထားနိုင်ပါသည်။ မျက်စဉ်းခပ်ခြင်းဖြင့် မျက်စိရေချိန်ကို ထိန်းထားနိုင်ပြီး မြင်ကွင်းကျဉ်းခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ ဆေးမကုသမီ ဆုံးရှုံးသွားသော မြင်ကွင်းကိုမူ ပြန်မရနိုင်တော့ပါ။

တခါတရံ လေဆာဖြင့်ကုသရန်လည်းလိုအပ်ပါသည်။ မျက်စဉ်း (သို့ ) လေဆာဖြင့် ကုသ၍ မရပါက ခွဲစိတ်ကုသရန် လိုပါသည်။

အမေးများသော မေးခွန်းများ

ကျွန်တော့် အသိတစ်ယောက်တွင် ရေတိမ်ရောဂါရှိနေပါသည်။ ကျွန်တော်ရော ရေတိမ်ရောဂါရှိ၊ မရှိ စစ်ဆေးသင့်ပါသလား။
ဘယ်အချိန်မှာ ရေတိမ်မျက်စဉ်းကို ရပ်ရမလဲ။
ရေတိမ်ဆေး အသုံးပြုနေသော် လည်း မျက်စိဆရာဝန်နှင့် ခဏခဏ ဘာကြောင့် ပြနေရတာလဲ။
Open chat