Macula Hole သည် မျက်စိအမြင်လွှာရှိ အသေးစိတ်ကြည့်လျှင်သုံးသည့် Macula နေရာတွင် အပေါက်ဖြစ်သွားခြင်းဖြစ်သည်။ ထိုရောဂါသည် အသက်ကြီးသော သူများတွင် အဖြစ်များ၍ အခြားမျက်စိရောဂါများဖြစ်သည့် အဝေးမှုန်ပါဝါများ၍ မျက်လုံးအိမ် ကြီးသော သူများ၊ မျက်စိအားပြင်းပြင်းထန်ထန်ထိခိုက် ဒဏ်ရာရရှိသူများတွင်လည်း ဖြစ်ပေါ်တတ် သည်။

အထူးစမ်းသောစက်ဖြင့် macula တွင်အပေါက်ဖြစ်ခြင်းကို သိရှိနိုင်ပြီး စောစီးစွာ ခွဲစိပ်ကုသမှု ခံယူပါ က အောင်မြင်မှုနှုန်းမြင့်မားသည်။

အထူးစမ်းသောစက်ဖြင့် macula တွင်အပေါက်ဖြစ်ခြင်းကို သိရှိနိုင်ပြီး စောစီးစွာ ခွဲစိပ်ကုသမှု ခံယူပါ က အောင်မြင်မှုနှုန်းမြင့်မားသည်။

ရောဂါလက္ခဏာများ

Eyes with macular hole, straight lines are distorted or may have a missing middle portion.ရှေ့တည့်တည့် အလယ်မြင်ကွင်းရှိ အရာဝတ္တုများမှုန်ဝါးခြင်း၊ တွန့်ခြင်း၊ ယိုင်ခြင်းတို့ ဖြစ်ပေါ်လာပြီး နေ့စဉ်လုပ်ဆောင်နေသော ကိစ္စများဖြစ်သည့် စာဖတ်ခြင်း၊ ကားမောင်းခြင်း၊ အိမ်မှုကိစ္စလုပ်ဆောင်ခြင်း စသည်တို့ လုပ်ဆောင်ရန် ခက်ခဲလာမည်။ တစ်ခါတစ်ရံတွင် လူမျက်နှာများ သေချာမမြင်ရသည်အထိ ဖြစ်တတ်ပါသည်။

အထက်ပါရောဂါအတွက် အလွယ်ကူဆုံးသော စမ်းသပ်နည်းမှာ Amsler chart ဟုခေါ်သော အလယ်ဗဟိုမြင်ကွင်း ကောင်းမကောင်းစမ်းသပ်ရာတွင် အသုံးပြုသည့် ကဒ်ဖြင့် စမ်းသပ်နိုင်သည်။ ထို့အပြင် မျဉ်းဖြောင့်များကို ကြည့်ခြင်းဖြင့်လည်း စမ်းသပ်နိုင်သည်။ (ဥပမာ – တံခါးဘောင်များ၊ ပြတင်းပေါက်ဘောင်များ၊ မျဉ်းကြောင်းများ) ကို Macular Hole ရှိသော မျက်စိဖြင့် ကြည့်လျှင် မျဉ်းများ ကောက်/တွန့်နေခြင်း၊ (သို့) မျဉ်းအလယ်တွင် ပြတ်နေခြင်းများ တွေ့ရမည်။ သို့ဖြစ်ပါ၍ အထက်ပါရောဂါ လက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ မျက်စိအထူးကု ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်ပါသည်။

ကုသမ

ထိရောက်မှုအရှိဆုံးသော ကုသမှုမှာ ခွဲစိတ်ကုသခြင်း ပင်ဖြစ်ပါသည်။ ခွဲစိတ်မှု အောင်မြင်ခြင်း အတွက် အချက်များစွာပေါ်တွင် မူတည်သည်။ အရေးကြီးဆုံးသော အချက်မှာ အပေါက်ဖြစ် ပေါ်သော ကြာချိန်ဖြစ်သည်။ အပေါက်ဖြစ်ပြီး အလွန်ကြာမြင့်မှ ခွဲစိတ်မှု ပြုလုပ်လျှင် အပေါက်ပြန် ပိတ်နိုင်မှု ရာခိုင်နှုန်း နည်းပါသည်။ ထို့ကြောင့် ရောဂါ လက္ခဏာစတင်သတိထားမိချိန်မှ  (၆)လအတွင်း ခွဲစိတ်မှု ခံယူသင့်သည်။

ခွဲစိတ်ကုသမှု နည်းလမ်းအပြင် မျက်စိအတွင်းသို့ Ocriplasmin ဟုခေါ်သည့် ဆေးတစ်မျိုး ထိုးခြင်းဖြင့်လည်း ကုသနိုင်သည်။ သို့သော် ထိုဆေးထိုး ကုသမှုကို အချို့သော အခြေအနေ မျိုးတွင်သာ ကုသမှုခံယူနိုင်ပြီး အောင်မြင်မှုမှာလည်း ခွဲစိတ်ကုသမှုနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါး သည်။

အမေးများသော မေးခွန်းများ

မေး - မျက်စိတစ်ဘက်တွင် Macular hole ဖြစ်ပေါ်ပါက ကျန်မျက်စိတစ်ဘက်တွင်လည်း ဖြစ်ပွားနိုင်ပါသလား။
မေး - (အားဆေးများ၊ အစားအသောက်များဖြင့် Macular Hole ကုသမှုကို အထောက်အပံ့ ဖြစ်ပါစေသလား။
Open chat