အမြင်လွှာသွေးပြန်ကြောများမျာ အမြင်လွှာ၏ သွေးလည်ပတ်မှု အတွက်ရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ အဆိုပါသွေးပြန်ကြောများ ပိတ်ပါက အတွင်းရှိသွေးနှင့် အရည်များသည် အနီးပတ်လည်ရှိ အမြင်လွှာအတွင်းသို့ ယိုစိမ့်မှု ဖြစ်ပေါ်စေသည်။ ဥပမာ မြစ်ကြောင်းအတွင်းတွင် ဆည်များဆောက်လုပ်ခြင်းကြောင့် မြစ်ကမ်းနဖူးများ ပျက်ဆီးပြီး အနီးပတ်ဝန်းကျင်ရှိ နေရာများတွင် ရေကြီးရေလျှံမှုဖြစ် သကဲ့သို့ ဖြစ်သည်။

ထိုယိုစိမ့်မှုများသည် အမြင်လွှာအလယ်ရှိ Macula ဟုခေါ်သော သေးစိတ်ကြည့်လျှင် အသုံးပြုသည့်နေရာတွင် ဖြစ်ပါက ယင်းနေရာတွင် ယောင်ယမ်းခြင်း (Macula Edema) ဖြစ်ပေါ်စေပြီး အမြင်အာရုံ ကျဆင်းစေပါသည်။ ရံဖန်ရံခါတွင် သွေးပြန်ကြော ပိတ်ခြင်းကြောင့် မျက်စိအတွင်း သို့ ထောက်ပံ့ပေးသည့် သွေးပမာဏကို နည်းသွားစေသဖြင့် အခြားဆိုးကျိုးများ ဖြစ်သည့် အမြင်အာရုံဆိုးရွားစွာကျခြင်း၊ ပုံမှန်မဟုတ်သော သွေးကြောအသစ်များ ပေါ်ပေါက်လာခြင်း နှင့် မျက်စိအတွင်း ရေဖိအားများလာခြင်း (ရေတိမ်ရောဂါ) စသည်တို့ကို ဖြစ်ပေါ်စေပါသည်။

အမြင်လွှာရှိ သွေးပြန်ကြောပိတ်ဆို့မှုကြောင့် ရှိမရှိ အထူးစမ်းသပ်သော စက်ဖြင့် စစ်ဆေးနိုင်သည်။ စောစီးစွာ သိရှိပါက ထိရောက်သော ကုသမှု ခံယူခြင်းဖြင့် အမြင်ထိခိုက်ဆုံးရှုံးမှုကို ကာကွယ်နိုင်သည်။

အမြင်လွှာရှိ သွေးပြန်ကြောပိတ်ဆို့မှုကြောင့် ရှိမရှိ အထူးစမ်းသပ်သော စက်ဖြင့် စစ်ဆေးနိုင်သည်။ စောစီးစွာ သိရှိပါက ထိရောက်သော ကုသမှု ခံယူခြင်းဖြင့် အမြင်ထိခိုက်ဆုံးရှုံးမှုကို ကာကွယ်နိုင်သည်။

သွေးပြန်ကြောပိတ်ခြင်း(2)မျိုးရှိပါသည်။

A branch retinal vein occlusion (BRVO) is due to blockage of one of 4 large retinal veins, each supplying a quarter of the retina.

BRVO

၁) သွေးပြန်ကြောအခွဲပိတ်ခြင်း (Branch Retinal Vein Occlusion (or) BRVO)

အမြင်လွှာ၏ အစိတ်အပိုင်းလေးခုမှ သွေးများကို သယ်ဆောင်လာသည့် သွေးပြန်ကြောလေးချောင်း အနက်တစ်ချောင်းပိတ်ခြင်း ကြောင့် ဖြစ်သည်။

A central retinal vein occlusion (CRVO) is due to blockage of the main vein supplying the entire retina. In general, a CRVO is more serious than a BRVO.

CRVO

၂) ပင်မသွေးပြန်ကြောပိတ်ခြင်း (Central Retinal Vein Occlusion (or) CRVO)

အမြင်လွှာတစ်ခုလုံးမှ သွေးများကို သယ်ဆောင်လာသည့် ပင်မသွေးပြန်ကြောကြီး ပိတ်ခြင်းကို ဆိုလိုသည်။

 ယေဘူယျအားဖြင့် ပင်မသွေးပြန်ကြောပိတ်ခြင်းသည် သွေးပြန်ကြောအခွဲ ပိတ်ခြင်းထက် ပို၍ဆိုးရွားသည်။

ဖြစ်ပွားစေသောအကြောင်းအရင်းများ

သွေးပြန်ကြောပိတ်ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်း အတိအကျကိုမူ ပြောဆိုနိုင် ခြင်းမရှိသေးပါ။ သို့သော် ဆက်စပ်လျက်ရှိသော အချက်တစ်ချို့ရှိပါသည်။ ယင်းတို့မှာ အသက်အရွယ်ကြီခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ သွေးတွင်းအဆီဓါတ်များခြင်းနှင့် ရေတိမ်ရောဂါတို့ဖြစ်ပါသည်။ ဆေးလိပ်သောက်သုံးသူများနှင့် အချို့သောသွေးရောဂါများရှိသူများ တွင်လည်း ဖြစ်နိုင်ချေပို များလေ့ရှိပါသည်။

ကုသမှုများ

၁) မျက်စိအတွင်းသို့ ဆေးထိုးကုသခြင်း

အကယ်၍ သွေးကြောပိတ်ခြင်းကြောင့် မြင်လွှာအလယ်ရှိ Macula ဟုခေါ်သော အသေးစိတ်ကြည့်လျှင် အသုံးပြုသည့် နေရာရောင်ရမ်းခြင် (Macula Oedema) ဖြစ်ပါက မျက်စိအတွင်းသို့ ဆေးထိုးခြင်းဖြင့် ယောင်ယမ်းမှုကို လျှော့ကျစေပြီး အမြင်လွှာပျက်ဆီးမှု နည်းစေပါသည်။ မျက်စိအတွင်းသို့ ဆေးထိုးခြင်းမှာ အလွန်သေးငယ်သော အပ်ကိုအသုံးပြု၍ ထိုးခြင်းဖြစ်ပြီး လေ့လာ စမ်းသပ်ချက်များ အရ ၄င်းကုထုံးကြောင့် အမြင်အာရုံ တိုးတက်မှုရှိကြောင်း သိရှိပြီးဖြစ်သည်။ ဆေးထိုးကုသ ခြင်း ကိုပြင်ပလူနာဌာနတွင် ပြုလုပ်နိုင်ပြီး အကြိမ်များစွာ ထိုးရန်လိုအပ်နိုင်ပါသည်။

မျက်စိအတွင်းသို့ ဆေးထိုးကုသခြင်းဖြင့် ရောဂါကို ထိထိရောက်ရောက် ကုသနိုင်ပါသည်။

မျက်စိအတွင်းသို့ ဆေးထိုးကုသခြင်းဖြင့် ရောဂါကို ထိထိရောက်ရောက် ကုသနိုင်ပါသည်။

၂) လေဆာဖြင့်ကုသခြင်း

အချို့အခြေအနေများတွင် အမြင်လွှာရှိ သွေးထောက်ပံ့မှု လျှော့နည်းနေသော နေရာများသို့ လေဆာပစ်ခြင်းဖြစ်သည်။ လေဆာဖြင့် ကုသခြင်း၏ အဓိကရည်ရွယ် ချက်မှာ ရောဂါကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချပေးပြီး ထပ်မံသွေးထွက်ခြင်းနှင့် ရေတိမ်ရောဂါ ဖြစ်ပွားခြင်း တို့ကိုကာကွယ် ပေးရန်ဖြစ်သည်။

အမေးများသောမေးခွန်းများ

မျက်လုံးတွင်းသွေးပြန်ကြောပိတ်ခြင်း အတွက်မျက်စိဆရာဝန်နှင့် မကြာခဏပြန်လည်ပြသရန် အဘယ်ကြောင့် လိုအပ်သနည်း။
နောက်တစ်ကြိမ်သွေးကြောပိတ်ခြင်းဖြစ်နိုင်ပါသလား
နောက်ထပ်တစ်ကြိမ်သွေးကြောပိတ်နိုင်ချေ လျှော့ချရန် မည်သို့ ကာကွယ်သင့်ပါသနည်း။
Open chat